11 May 2024

မဲဆောက်တွင် လူမနေနဲ့အိမ်တစ်အိမ်အတွင်း ခိုးဝင်မြန်မာ ၁၅ ဦး ဖမ်းဆီးရမိ၊ ၃ ဦးတွင်ကိုဗစ်တွေ့ရှိ။

ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စုရှိ လူမနေတဲ့အိမ်တစ်အိမ်ကိုနယ်ခြားစောင့်တပ်ဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး စတဲ့ဌာနစုံပူးပေါင်းအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၅ ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းတော်ဝင်ကြဉ်းတပ်လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူတွေကို ATK ဖြင့်ကိုဗစ်-၁၉ စစ်ဆေးမှုပြုရာ ၃ ဦးမှာပိုးတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

 

ဝင်ရောက်စစ်ဆေးနေစဉ် မသင်္ကာစရာမော်တော်ကားတစ်စင်းကိုတွေ့ရှိခဲ့ပြီး အတွင်းသို့စစ်ဆေးရာ မြန်မာ ၁၅ ဦးအတွက် ထမင်းဘူး ၃၇ ဘူးလာပို့ပေးတာလို့ ယာဉ်မောင်းကထွက်ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့မြန်မာ ၁၅ ဦးကို တရားဉပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ထိုင်းလူဝင်မှုကြီးကြပ်ရေးထံ ပို့ဆောင်ထားတယ်လို့ ရေးသားထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS