29 April 2024

ထိုင်းနိုင်ငံမှာ ယနေ့ ကိုဗစ် ထပ်တိုးလူနာ ၂၃,၈၃၄ ဦးရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာအရေ အတွက်ဟာဆိုရင် ၂,၇၃၁,၀၂၉ ဦး (နှစ်သန်းခုနှစ်သိန်းသုံးသောင်းတစ်ထောင်နှစ်ဆယ့်ကိုး) ရှိနေပြီဖြစ်ပါတယ်။

အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကျူလာလောင်ကွန်ဆေးတက္ကသိုလ် ပါမောက္ခဒေါက်တာ ဒေါက်တာ Teera Worathanarat က ထိုင်းနိုင်ငံရဲ့ ကိုဗစ် အခြေအနေဟာ ATK စစ်လို့တွေ့ရှိတဲ့ လူနာအရေအတွက်ကိုပါ ထည့်ပေါင်းမယ်ဆိုရင် ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာအရေအတွက်ဟာ ကမ္ဘာ့ အဆင့် ၅ မှာရှိနေပြီဖြစ်တယ်လို့ ၎င်းရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း လက်ရှိကိုဗစ်ကူးစက်မှု အများဆုံးနိုင်ငံတွေကတော့ ဂျာမနီ၊ တောင်ကိုရီးယား၊ ရုရှား၊ ဂျပန် နှင့် ဘရာဇီးနိုင်ငံတို့ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း လက်ရှိ ကိုဗစ်ကူးစက်မှုမှာ ကျယ်ပြန့်တာကြောင့် ထိန်းချုပ်ရန်မလွယ်တဲ့အခြေအနေမှာရှိတယ် လို့ ဒေါက်တာ Teera Worathanarat က ဆိုပါတယ်။

ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနအနေနဲ့လည်း ကိုဗစ်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ကိုဗစ် ကူးစက်ခြင်းခံမရှိသေးတဲ့သူတွေအနေနဲ့လည်း အမြဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ဆင်ပြီး လက်ဆေးဂျယ်တွေအမြဲဆောင်ထားကြဖို့ မိမိကိုယ်ကိုယ် မသင်္ကာဖြစ်တာနဲ့ ကိုဗစ်စစ်ကြည်ပြီး ကူးစက်ခံထားရရင် အခြားသူတွေပါ ထပ်မံကူးစက်ခြင်း မခံရအောင် သီးခြားနေ ထိုင်ဖို့လိုတယ်လို့ ဒေါက်တာ Teera Worathanarat က ဆက်လက် ပြောခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS