26 April 2024

,

ဆော်ဒီက ထိုင်းကျွမ်းကျင်လုပ်သား ၈ သန်း ခေါ်ယူဖို့စီစဉ်နေ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က ဆော်ဒီအာရေဗျ နိုင်ငံရှိ ဆော်ဒီမင်းသားအိမ်တော်မှာ အစောင့်အဖြစ် လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၁ ဦးဟာ ဒေါ်လာသန်း ၂၀ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကို ခိုးယူပြီး ထိုင်းနိုင်ငံသို့ ပြန်လည်တိမ်းရှောင်လာခဲ့တဲ့ ဖြစ်ရပ် ကြောင့် ဆော်ဒီ – ထိုင်း သံတမန်‌ရေးရာ နှစ် ပေါင်း ၃၀ ကြာပြတ်တောက်ခဲ့ရပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ ဆော်ဒီအိမ်ရှေ့စံမင်းသား ဖိတ်ကြားချက်အရ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်း-ဆော်ဒီ ဆက်ဆံရေးမြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျကို ၂ ရက်ကြာခရီးစဉ် သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ထိုင်းခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဝန်ကြီးချုပ်ပရာရွတ်ဟာ ဆော်ဒီအာရေးဗျနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဆော်ဒီဘက်က ထိုင်းအစိုးရကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး ဆော်ဒီ ကျန်းမာရေး၊ ခရီးသွားနှင့် စက်ရုံအလုပ်ရုံ ကဏ္ဍတွေမှာ  ထိုင်းကျွမ်းကျင်လုပ်သား ၈ သန်း ခေါ်ယူဖို့ အမြန်ဆုံး အကောင်အထည်ဖေါ်သွားမှာ ဖြစ်တယ်လို့ ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ထိုင်းအလုပ်သမားဝန်ကြီး “စုချတ်” ထိုင်းပြည်သူတွေကို ဆော်ဒီအာရေးဗျနိုင်ငံကတစ်ဆင့် သတင်းကောင်းပါးခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS