9 May 2024

မြန်မာလုပ်သားသာ ဝင်မကယ်ရင် အသက် ၇၇ နှစ်ရှိတဲ့ ထိုင်းအဖွားအိုမှာ အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။ စက်ဘီးစီးလာတဲ့ မြန်မာလုပ်သားက ဝင်ကယ်လိုက်လို့ အဖွားအိုရဲ့ ခြေထောက်နှစ်ဖက်နဲ့ အဝတ်အစားတွေ အနည်းငယ်သာ မီးလောင်သွားတာပါ။

အဖွားအိုမှာ မြက်ပင်ခြောက်တွေကိုမီးရှို့ရာနေ လဲကျပြီး မီးလောင်နေပေမယ့် က်ိုယ့််ကိုယ်ကိုမထူနိုင်တော့တာဖြစ်ပါတယ်။ မီးလောင်နေတာကို အသက် ၂၆ နှစ်ရှိတဲ့ မြန်မာလုပ်သားက ဝင်ကယ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကူညီလှမ်းတောင်းပေးခဲ့ပါတယ်။

အဲဒီနောက် ပတ်ဝန်းကျင်များက ကယ်ဆယ်ရေးအဖွဲ့နဲ့ ထိုင်းအာဏာပိုင်များကို ခေါ်ပေးကာ မီးလောင်ဒဏ်ရာရနေတဲ့ အဖွားကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီခန့်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ထိုင်းနိုင်ငံ ထာ့အင်ကျေးရွာအုပ် အန်ထောင်းမြို့နယ် အန်ထောင်းခရိုင်ရှိ အိမ်နံပါတ် ၄၁ ခြံဝန်းထဲမှာဖြစ်ပွားခဲ့တာလို့သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ
ภาพ-ตระกูลศักดิ์ วรเรียน

SHARE THIS NEWS

OTHER NEWS