26 April 2024

,

၂၀၂၂ ဘေဂျင်းဆောင်းရာသီအိုလံပစ်တွင် အိမ်ရှင်တရုတ်အားကစားအဖွဲ့ စံချိန်တင်ဆုတံဆိပ် ဆွတ်ခူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပြီးဆုံးသွားတဲ့ ၂၀၂၂ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ အိမ်ရှင်တရုတ်အားကစားတပ်ဖွဲ့က စံချိန်တင်ဆုတံဆိပ်ဆွတ်ခူးနိုင်ပြီး ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေး တံဆိပ် ၂ ခု စုစုပေါင်း ၁၅ ခုအထိစွမ်းဆောင်နိုင်ခဲ့တာကြောင့် တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပထမနေရာကိုရပ်တည်နိုင်ခဲ့တဲ့ နော်ဝေအသင်းက ရွှေတံဆိပ် ၁၆ ခုအပါအဝင် ဆုပေါင်း ၃၇ ခု၊ ဒုတိယ နေရာက ဂျာမနီအသင်းက ရွှေတံဆိပ် ၁၂ ခုအပါအဝင် ဆုပေါင်း ၂၇ ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရွှေတံဆိပ် ၈ ခုသာစွမ်းဆောင်နိုင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကတော့ စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ငှက်သိုက်အားကစားကွင်းကြီးမှာ ကျင်းပခဲ့တဲ့ပိတ်ပွဲအခမ်းအနားကို တရုတ် သမ္မတ ရှီးကျင့်ဖျင် ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

အိုလံပစ်အလံကိုတော့ ၂၀၂၆ ဆောင်းရာသီအိုလံပစ်အိမ်ရှင် အီတလီထံလွှဲပြောင်းပေးခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS