26 April 2024

အမေရိကန်သမ္မတနှင့်ကနေဒါဝန်ကြီးချုပ်အပါအဝင် လူပေါင်း ၃၀၀ ကျော်ကို ရုရှားပြည်ဝင်ခွင့်ပိတ်။

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ကနေဒါဝန်ကြီးချုပ် ဂျတ်စတင် ထရူဒို အပါအဝင် လူပေါင်း ၃၀၀ ကျော်ကို ပြည်ဝင်ခွင့်ပြုလိုက်ပြီဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (၁၆-၃-၂၀၂၂) တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Lloyd Austin၊ စစ်သေနာပတိကော်မတီဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley၊ စီအိုင်အေ ညွှန်ကြားရေးမှူးချုပ်William Burns၊ လုံခြုံရေးမူဝါဒအကြံပေးအရာရှိ Jake Sullivan၊ အိမ်ဖြူတော်ပြောခွင့်ရသူ Jen Psaki၊သမ္မတဂျိုး ဘိုင်ဒင်သားဖြစ်သူ Hunter Biden၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton စသည့် ထိပ်တန်းအရာရှိများကို ပြည်ဝင်ခွင့်ပိတ်လိုက်သည်ဟု ဖော်ပြထားသည်။

 

တဆက်တည်းတွင် ကနေဒါနိုင်ငံသား ၃၀၀ ကျော်ကိုလည်း ပြည်ဝင်ခွင့်ပိတ်လိုက်သည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS