29 April 2024

မြန်မာ-ထိုင်းနယ်စပ်ခရိုင်ဖြစ်တဲ့ ပရာကျွတ်ခီရီခမ်ခရိုင်နဲ့ ကန်ကျနဘူရီခရိုင်မှာ ထိုင်းကို၀င်ရောက်ဖို့ ကြိုးစားနေတဲ့ တရားမ၀င် မြန်မာနိုင်ငံသား ၁၅၅ ယောက်ဖမ်းမိ၊ ၁ ယောက် ၂၅,၀၀၀ ဘတ်ကုန်ကျခဲ့ဟုဆို

 

 

မြန်မာ-ထိုင်းနယ်စပ်ခရိုင်ဖြစ်တဲ့ ပရာကျွတ်ခီရီခမ်ခရိုင်နဲ့ ကန်ကျနဘူရီခရိုင်မှာ ထိုင်းကို၀င်ရောက်ဖို့ ကြိုးစားနေတဲ့ တရားမ၀င် မြန်မာနိုင်ငံသား ၁၅၅ ယောက်ကိုဖမ်းမိထားတယ်လို့ Royal Thai Army ကသတင်းထုတ်ပြန်ထားပါတယ်။

 

 

မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့် မြန်မာနိုင်ငံသား ၁၇ ယောက်ဖမ်းမိတယ်။ သူတို့ကိုဆက်လက်အရေးယူဖို့ ပရာကျွတ်ခီရီခမ်ခရိုင် အောင်နွဲ့ရဲစခန်းပို့ထားတယ်။ ကျား ၉ ယောက်နဲ့ မ ၈ ယောက်ပါ။

 

 

နောက်တစ်နေရာကိုတော့ မြန်မာနိုင်ငံသား ၁၁၉ ယောက်ထပ်ဖမ်းမိတယ်။ ကျား၊ ၇၄ ယောက်နဲ့ မ၊ ၄၅ ယောက်ပါ။ သူတို့ကိုလဲ ဆက်လက်အရေးယူဖို့ အောင်နွဲ့ရဲစခန်းကိုပဲ ပို့ထားတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

 

 

နောက်ထပ် ၁၉ ယောက်ကိုတော့ ကန်ကျနဘူရီခရိုင် ထောင်ဖာဖူးမြို့နယ် မတ်လ ၄ ရက်နေ့ ည ၈ နာရီခန့်မှာ ဖမ်းမိတာလို့ သိရပါတယ်။ ကျား၊ ၁၇ ယောက်နဲ့ မ၊ ၂ ယောက်ပါ သူတို့ကိုတော့ ထောင်ဖာဖူးရဲစခန်းကိုပို့ထားတယ်လို့ သိရပါတယ်။

.

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေပြောပြချက်အရ “ထိုင်းကိုအလုပ်ရဖို့ ပွဲစားတွေကို ၁ ယောက်ကို ၂၅,၀၀၀ လောက်ပေးခဲ့ရပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်ရဖို့လာခဲ့တာပါ။ ခုလိုအဖမ်းခံရတော့ ကယ်မယ့်သူလဲ မတွေ့ရဘူး”လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေမှာ ထိုင်းကိုခိုး၀င်မှုနဲ့ အရေးယူခံရပြီးရင် ပြန်ပို့ခြင်းခံရမယ်လို့ သိရပါတယ်။

.

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – Royal Thai Army

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS