28 April 2024

နိုင်ငံခြားသားများကို ဝင်ကြေးနှုန်းထား တိုးမြှင့်
.
ဩဂုတ် ၆ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံတဝန်းရှိ မှတ်ပုံတင်ထားသော ရှေးဟောင်းနယ်မြေများနှင့် အမျိုးသားပြတိုက်များတွင် နိုင်ငံ ခြားသားများအား ဝင်ကြေးလက်မှတ်နှုန်းထားတိုးမြှင့်ရန်အဆိုပြုချက်ကို ထိုင်းအစိုးရအဖွဲ့က ပြီးခဲ့သော ဇူလိုင်လ ၂၅ ရက်နေ့ (၂၀၂၃) တွင် အတည်ပြုခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်ရုံး လူမှုကွန်ရက်စာမျက်နှာ တွင် ဖော်ပြထားသည်။
.
ထိုသို့ တိုးမြှင့်လိုက်ရသည့်အကြောင်းရင်းမှာ လက်ရှိကျင်သုံးလျှက်ရှိသော နှုန်းထားမှာ ၂၀၀၈ ခုနှစ် ကတည်းက သတ်မှတ်ထားခြင်းဖြစ်၍ ယနေ့စီးပွားရေးလူမှုရေးအခြေအနေနှင့် ညီညွတ်မှုရှိ စေရန် ဖြစ်သည်ဟု ဖော်ပြထားသည်။
.
၁။ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုဇုန် (Historic Site Type Park History)
ထိုင်းနိုင်ငံသား တဦးလျှင် ၁၀ ဘတ် မှ ၂၀ ဘတ်
နိုင်ငံခြားသား တဦးလျှင် ၁၂၀ ဘတ် မှ ၂၀၀ ဘတ် (ယခင်နှုန်းထား ၁၀၀ ဘတ်)
.
ရှေးဟောင်းသုတေသနဇုန် (Archeology of ancient sites)
ထိုင်းနိုင်ငံသား တဦးလျှင် ၂၀ ဘတ်
နိုင်ငံခြားသား တဦးလျှင် ၈၀ ဘတ် မှ ၁၂၀ ဘတ် (ယခင်နှုန်းထား ၅၀ ဘတ် မှ ၁၀၀ ဘတ်)
.
အမျိုးသားပြတိုက် (အသေးစား)
ထိုင်းနိုင်ငံသား တဦးလျှင် ၁၀ ဘတ်
နိုင်ငံခြားသား တဦးလျှင် ၈၀ ဘတ် (ယခင်နှုန်းထား ၅၀ ဘတ်)
.
အမျိုးသားပြတိုက် (အလတ်စား)
ထိုင်းနိုင်ငံသား တဦးလျှင် ၁၀ ဘတ် မှ ၂၀ ဘတ်
နိုင်ငံခြားသား တဦးလျှင် ၁၂၀ ဘတ် (ယခင်နှုန်းထား ၅၀ ဘတ် မှ ၁၀၀ ဘတ်)
.
အမျိုးသားပြတိုက် (အကြီးစား)
ထိုင်းနိုင်ငံသား တဦးလျှင် ၂၀ ဘတ် မှ ၃၀ ဘတ်
နိုင်ငံခြားသား တဦးလျှင် ၂၀၀ ဘတ် (ယခင်နှုန်းထား ၁၀၀ ဘတ် မှ ၁၅၀ ဘတ်)
.
မည်သို့ဆိုစေ ထိုင်းနိုင်ငံသားမျာကိုမူ ဝင်ကြေးနှုန်းထားတိုးမြှင့်ခြင်းမရှိဘဲ နိုင်ငံခြားသားများကိုသာ တိုးမြှင့်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
.
Photo: เอกราช มีสุข (ဝင်ကြေးပေးရသော ချိုင်ဝတ္ထနာရမ်ကျောင်း)

SHARE THIS NEWS

OTHER NEWS