9 May 2024

————————–

နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၂

.

ထိုင်းနိုင်ငံ ဘန်ခွန်ထီယန်မြို့နယ် အေကချိုင် ၈၉ လမ်းရှိ အငှားတိုက်ခန်းမှာ တစ်ယောက်ထဲနေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလွိုင်ကထုန်ညမှာ သူ့အခန်းထဲတွင် အဝတ်စလစ်ဖြစ်သေဆုံးနေတာတွေ့တော့ မြန်မာလူမှုကူညီရေးအဖွဲ့က ထိုင်းအာဏာပိုင်များထံတိုင်ကြားပြီး ရဲတွေရောက်လာတော့ သေဆုံးနေတဲ့သူမှာ သွေးတွေပေကျံနေပြီး ညိုမဲတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ရတဲ့အတွက် အသတ်ခံရလို့သေဆုံးနေတာဟု မှတ်တမ်းယူပြီး အလောင်းကိုဆက်လက်စစ်ဆေးရန်အတွက် စီလီရတ်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။

သေဆုံးသူမှာ မခင်မာဝင်း အသက် ၂၉ နှစ်ဟု သိရပြီး၊ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ” ကောင်မလေးက လွိုင်ကထုံသွားတယ်။ ည ၁၀၊ ၁၁ နာရီလောက် ပြန်လာပြီး သူ့အခန်းထဲမှာအိပ်နေတယ်။ ခင်မာဝင်းနေတဲ့အခန်းရဲ့ ခေါင်းရင်းအခန်းက လင်မယားအခန်းရှိတယ်။ သူ့မိန်းမက ဘန်ဘော်ညဈေးမှာအလုပ်လုပ်နေတယ်။ အဲဒါနဲ့ ခင်မာဝင်း တစ်ယောက်ထဲအိပ်နေတာကို ခေါင်းရင်းအခန်းကအမျိုးသားမြင်တော့ အခန်းထဲကိုဝင်ရောက်ရန်အတွက် ကာထားတဲ့ မှန်တစ်ချပ်ကိုဖြုတ်လိုက်ပြီး လော့ခ်ချထားတဲ့နေရာကို လက်လေးနဲ့အသာလေးဖွင့်ပြီး ကောင်မလေးအခန်းထဲကိုဝင်ပြီး မုဒိန်းကျင့်တယ်။

အဲဒါနဲ့ ကောင်မလေးနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ လူသတ်တရားခံက နီးနားမှာရှိတဲ့သစ်သားတုတ်နဲ့တစ်ချုက်ရိုက်လိုက်တယ်။ ကောင်မလေးလဲကျသွားတယ်။ ပြီးတော့ လည်ပင်းထပ်ညှစ်တယ် ကောင်မလေးသေပြီလို့ ယူဆပြီးတဲ့နောက် စောင်နဲ့အုပ်ထားပြီး ကောင်မလေးအခန်းထဲကနေထွက်လိုက်တယ်။

ပြီးတော့ သူ့အခန်းကိုပြန်သွားတယ်။ ထွက်ပြေးဖို့ဆိုပြီး အခန်းထဲမှာရှိတဲ့ အဝတ်အစားတွေယူတယ်။ ဒီကြားထဲ တရားခံဖြစ်သူရဲ့ မိန်းမအလုပ်ကနေပြန်လာတော့ ရန်ဖြစ်စကားများကြသေးတယ်။ အဲဒါနဲ့ နံနက် ၄ နာရီလောက်မှာ တရားခံက သူ့အမနေတဲ့ အုန်းနွဲ့ဘက်ကို ထွက်ပြေးသွားတယ်။

သူ့အမအခန်းမှာ တစ်ရက်သွားနေလိုက်တယ်။ ပြီးတော့ သူ့အခန်းကိုပြန်လာသေးတယ်။ ချာချုန်ဆောင်ခရိုင်ဘက်ကို ၁ နာရီလောက်မှာထွက်ပြေးသွားတယ်။ အခုတော့ တရားခံကို ဖမ်းလို့မိပါပြီ၊ သူ့ကိုယ်တိုင်ဆက်သွယ်လာပြီး အဖမ်းခံပါ့မယ်ပြောလို့ ချာချုန်ဆောင်ခရိုင်မှာသွားဖမ်းလာပါတယ်။ သူ့မိန်းမနဲ့အမဖြစ်သူကို ရဲတွေခေါ်မေးတာသတင်းကြားလို့ လာအဖမ်းခံတာပါ ” ဟု အမှုမှာ မြန်မာစကားပြန်အဖြစ် လိုက်ပါကူညီပေးတဲ့ ဆန်းမင်းဦး က Myanmar Live ကိုပြောပါတယ်။

တရားခံဖြစ်သူ မောင်အောင်ကျော်ဝင်း ကလဲ သူကိုယ်တိုင် ကောင်မလေးကို မုဒိန်းကျင့်ပြီး တုတ်နဲ့ရိုက်သတ်ခဲ့ကြောင်း ဘန်ခွန်ထီယမ် ရဲခစန်းတွင် ဝန်ခံပြောခဲ့ပါတယ်။ သူ့မရဲ့ ရုပ်အလောင်းကိုတော့ ကောင်းစွာသဂြိုလ်ပေးနိုင်ရေး ဆက်လက်ကူညီမှုတွေပေးသွားမည်ဟု CDM အလုပ်သမားသံအရာရှိဟောင်း ကိုဝေလင်း ကဖော်ပြထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS