14 May 2024

မြန်မာ-ထိုင်းနယ်စပ် ကန်ကျနဘူရီခရိုင်မှာ နယ်စပ်ဖြတ်ကျော် တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆၉ ဦးနဲ့ လမ်းပြ ၄ ဦးကိုဖမ်းဆီးမိထားတယ်လို့ ဆိုင်ယို့မြို့နယ် ရဲစခန်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

မြန်မာနိုင်ငံသား ၁၆၉ ဦးမှာ အမျိုးသား ၁၂၁ ဦးနဲ့ အမျိုးသမီး ၄၈ ဦးဖြစ်ပါတယ်။ သူတို့ကို အုပ်စုခွဲဖမ်းမိတာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

မြန်မာနိုင်ငံသား ၂၀၀ ခန့်မှာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင် ကနေလာခဲ့ကြပြီး၊ ထိုင်းနိုင်ငံ စမုဆာခွန်၊ ရယောင်း၊ ကန်ကျနဘူရီနဲ့ ဗန်ကောက်ကို အလုပ်လုပ်ဖို့လာခဲ့ရာမှ နယ်စပ်တွင်အဖမ်းခံလိုက်တာပါ။ ထိုင်းမှာအလုပ်ရဖို့ ၁ ဦးကို ၁၅၀၀၀ ကနေ ၃၀၀၀၀ ဘတ်အထိ လူမောင်ခိုသမားတွေကို ပေးခဲ့ရတယ်လို့ အဖမ်းခံရတဲ့သူတွေပြောပြချက်အရ သိရပါတယ်။

 

 

ဖမ်းဆီးခြင်းခံရတဲ့ မြန်မာနိုင်ငံသား၂၀၀ ခန့်ကို ဥပဒေအရ မဆောင်ရွက်မီ ကိုဗစ်၁၉ စစ်ဆေးခြင်းတွေပြုလုပ်ခဲ့ပါတယ်။ ထိုနောက် ထိုင်းကိုတရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ) ဓါတ်ပုံ-ข่าวภูมิภาคกาญจนบุรี

SHARE THIS NEWS

OTHER NEWS