3 May 2024

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၂

လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ အထိ ၂၀၂၂ APEC (အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု) ထိပ်သီး အစည်းအဝေး ထိုင်းနိုင်ငံ ဗန်ကောက်မှာကျင်းပမှာဖြစ်တဲ့အတွက် ဗန်ကောက်မြို့ရဲ့ အဝင်အထွက်နေရာတွေမှာ စစ်ဆေးဂိတ်တွေချထားပြီး စောင့်ကြပ်စစ်ဆေးမှုတွေဆောင်ရွက်သွားမယ်ဟု သိရပါတယ်။

၂၀၂၂ APEC အစည်းအဝေးကာလတွင် အစိုးရရုံးပိတ်ရက်များအဖြစ်သတ်မှတ်ပြီး၊ MRT (မြေအောက်ရထား) ဝန်ဆောင်မှုကို သတ်မှတ်ထားတဲ့ဂိတ်များတွင် ခရီးသည် ဆင်း-တက်ခွင့် ခေတ္တပိတ်ထားမှာဖြစ်သလို၊ (ဘန်ကောက်၊ နွန်ထဘူရီနှင့် စမွတ်ပရာကန်ခရိုင်ရှိ စာသင်ကျောင်းများ ထိုနေ့၌ စာသင်ခြင်းကို ဆိုင်းငံ့ထားရမှာဖြစ်ပါတယ်။

ထို့အပြင် ဗန်ကောက်မြို့တွင်းရှိ ကားလမ်းမတချို့ကိုလဲ ယာဥ်သွားလာတာကို ကန့်သတ်ထားမှာဖြစ်တဲ့အတွက် မသွားမီလမ်းကြောင်းတွေကို အရင်စစ်ဆေးကြဖို့လိုပါတယ်။

APEC တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံ ပါဝင်တယ်။ ယခုနှစ် ၂၀၂၂ ခုနှစ် APEC ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၁၆-၁၉ တွင် ကျင်းပရန် စီစဥ်ထားတဲ့အတွက် ဗန်ကောက်မြို့တွင်းမှာတော့ လုံခြုံရေးအနေအထားတွေ တင်းကျပ်ထားမှာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS