26 April 2024

စမွတ်ပရာကန်၊ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂

မြို့တော်ဗန်ကောက်တောင်ဘက်မှာတည်ရှိတဲ့ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီမြို့နယ်၊ ဘန်ဖလီယိုင် ကျေးရွာအုပ်စု၊ မူ ၁၁ နယ်မြေထဲက ကွန်လထော်ကုန်စိမ်းဈေးထဲမှာ နိုင်ငံခြားသားတွေ ကိုယ်ပိုင်ဈေး ရောင်းစားနေတယ်လို့ တာဝန်သိပြည်သူတွေက နယ်မြေလူဝင်မှုကြီးကြပ်ရေးရုံးကို တိုင်ကြားလာ ပါတယ်။

တိုင်ကြားချက်ရရှိတဲ့နောက်မှာတော့ ခရိုင် လဝက တပ်ဖွဲ့က ကွင်းဆင်းပြီးသွားရောက်စစ်ဆေးရာမှာ

ကိုယ်ပိုင်ဈေးရောင်းစားနေတဲ့မြန်မာတစ်ဦးအပါအဝင် တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ လာအိုတစ်ဦး တို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါအပြင် လာအိုလုပ်သားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်ကိုလည်း တရားမဝင်လုပ်သားအလုပ်ခိုင်းစေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ဘန်ဖလီနယ်မြေရဲစခန်းထံ ဆက်လက်အပ်နှံလိုက်တယ်လို့သိရပါတယ်။

နိုင်ငံခြားလုပ်သားနှစ်ဦးစလုံးအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားလုပ်သားစီမံအုပ်ချုပ်ရေးအမိန့်အရ ဘတ် ၅ ထောင်မှ ၅ သောင်းအထိဒဏ်ငွေဆောင်ရနိုင်ပြီး နေရပ်ပြန်ပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံမှာလာရောက် လုပ်ကိုင်ခွင့် ၂ နှစ်ကြာ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS