9 May 2024

ပေါက်မြို့နယ်တွင် စစ်ဘေးရှောင် ၇ ထောင်နီးပါးစားဝတ်နေရေးခက်ခဲနေ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ရှောင်နေရတဲ့ ပြည်သူ ၆ ထောင်ကျော်မှာ စားဝတ်နေရေးအခက်ခဲဖြစ်နေတာကြောင့် အရေးပေါ်အကူညီများလိုအပ်နေပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ ကျွန်းတိုင်း၊ ဂွေးဂုံ၊ စသိန်း နဲ့ ညောင်ရင်းကျေးရွာထဲနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အဲ့ဒီရွာက ဒေသခံတွေအပြင် နီးစပ်ရာကျေးရွာတွေက ဒေသခံတွေလည်း ဘေးကင်းမယ်ထင်တဲ့ တောစပ်တွေမှာ သွားရောက်နေထိုင် နေခဲ့ကြရတာပါ။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ကျွန်းတိုင်းကျေးရွာကနေအိမ် ၁၈၀ လုံး၊ ဂွေးဂုံကျေးရွာကနေအိမ် ၄ လုံး၊ စသိန်းရွာက နေအိမ် ၂၄၁ လုံး နဲ့ ညောင်ရင်းကျေးရွာက နေအိမ် ၃ လုံးတို့ မီးလောင်ပျက်ဆီးခဲ့တယ်လို့လည်း Successful Force-Pauk က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်များက ကျေးရွာထဲကိုဝင်ရောက်ပြီး၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ဆောင်ရွက်နေတယ်လို့ မြန်မာဘက်ကလာတဲ့သတင်းတွေမှာဖော်ပြထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS