26 April 2024

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမြို့တော် ခေါကယ်တွင် ပြေးဆွဲမည့် ထိုင်းလုပ်လျှပ်စစ်ရထား ထုတ်ဖော်ပြသ။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမြို့တော်ဟု တင်စားခံထားရသော ခေါကယ်ခရိုင် ခေါကယ်မြို့တွင် ပြေးဆွဲမည့် ထိုင်းလုပ်လျှပ်စစ်ရထားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် Isan Creative Festival 2022 ပွဲတော်၌ အများပြည်သူကို ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါလျှပ်စစ်ရထား (Tram) ကို တွဲဆိုင်း ၂ ခုဖြင့်ထုတ်လုပ်ထားပြီး ရတ်ချမွန်ခွန်အီစာန်နည်းပညာတက္ကသိုလ်၊ ခေါကယ်နယ်မြေ၊ သိပ္ပံဌာန၊ လျှပ်စစ်သိပ္ပံဌာနခွဲကထိက ဒေါက်တာ ဖိုင်ဝမ် ကွန်တရွတ် ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ထားသည်ဟု သိရသည်။

 

 

ခေါကယ်မြို့ ရထားအပေါ့စား (LRT) စီမံကိန်းတွင်ပြေးဆွဲမည့် အဆိုပါလျှပ်စစ်ရထားကို တက္ကသိုလ်က ထပ်မံပြုပြင်မှုများပြုလုပ်ရမည်ဖြစ်ပြီး လာမည့် ဇွန်လတွင် ခေါကယ်တက္ကသိုလ်နယ်မြေအတွင်း စမ်းသပ်ပြေးဆွဲမှုပြုလုပ်နိုင်မည်ဟု ခန့်မှန်းထားရသည်။

ခေါကယ်မြို့တွင်ပြေးဆွဲမည့် LRT ပထမဆုံးလမ်းကြောင်းသည် ၂၆ ကီလိုမီတာရှည်လျားပြီး မစ်တရာ ဖတ်လမ်း လမ်းလယ်ကျွန်းနှင့်လမ်းပုခုံးများအပေါ်တွင်ပြေးဆွဲမည်ဖြစ်ပြီး စုစုပေါင်း ဘူတာ ၂၀ ပါဝင်သည်ဟု သိရသည်။ ယင်းအနက် မြေပြင်ဘူတာ ၁၂ ခု၊ အပေါ်ဘူတာ ၈ ခုပါဝင်ပြီး ခေါကယ်စပါးသုတေသနစင်တာတွင်ဖွင့်လှစ်မည့် ရထားပြုပြင်ထိန်းသိမ်းရေးရုံ ၁ ခုပါဝင်သည်ဟု သိရသည်။

 

မူလတွင် ၃ နှစ်ဖြင့်အပြီးတည်ဆောက်ရန် ရာထားသော်လည်း ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ၂ နှစ်ဆိုင်းငံ့ခဲ့ရသည့် ယင်းမြို့ပြခေတ်မီခရီးသည်ပို့ဆောင်ရေးစီမံကိန်းကို ဘတ် ၂၃ ဘီလျံရင်းနှီးထားသည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS