5 May 2024

အိမ်သုံးအင်တာနက်ကိုအရှိန်အဟုန်ဖြင့်အဆင့်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ Broadband အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော 3BB ထံမှ အစုရှယ်ယာတန်ဖိုး ဘတ် ၁၉.၅ ဘီလျံ AIS ဝယ်ယူ။

ထိုင်းနိုင်ငံတွင် တန်းတူသည့်အင်တာနက်လက်လှမ်းမီမှုပေါ်ပေါက်လာရေး၊ အိမ်သုံးအင်တာနက်ကျယ် ပြန့်လာရေးရည်ရွယ်၍ Broadband အင်တာနက်ဝန်ဆောင်မှုစနစ်ကိုအဆင့်မြှင့်တင်ရန်အတွက် အော်ပ ရေတာလုပ်ငန်းတစ်ခုဖြစ်သော AIS က Broadband အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော 3BB ထံမှ အစုရှယ်ယာတန်ဖိုး ဘတ် ၁၉.၅ ဘီလျံ AIS ဝယ်ယူလိုက်သည်ဟု ယနေ့ (၄-၇-၂၀၂၂) မနက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ရောင်းဝယ်မှုနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားရုပ်သံထုတ်လွှင့်ရေးနှင့်ဆက်သွယ်ရေးကော်မရှင် (The National Broadcasting and Telecommunication Commission) ထံ အဆိုပြုရန်ပြင်ဆင်နေ ပြီး ရောင်းဝယ်မှုအားလုံးကို ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် အပြီးသတ်နိုင်မည်ဟု သိရသည်။

 

 

ထို့ပြင် AIS အနေဖြင့် အခြေခံအဆောက်အုံစုပေါင်းရန်ပုံငွေ (JASIF) တွင်လည်း ဘတ် ၁၂.၉၂ ဘီလျံရင်း နှီးမြှုပ်နှံသွားမည်ဟု ဖော်ပြထားသည်။

အိမ်သုံးအင်တာနက်ကျယ်ပြန့်လာရေး၊ အလုံးစုံဒစ်ဂျစ်တယ်နည်းပညာဝန်ဆောင်မှုလုပ်ငန်းဖြစ်လာ စေရေး၊ ဖိုက်ဘာဖြင့်ဘရော့ဘန်းအင်တာနက်ဝန်ဆောင်မှုကျယ်ပြန့်လာရေး၊ ဆင်ခြေဖုံးများနှင့်နယ်ဒေ သများအထိဝန်ဆောင်မှုကျယ်ပြန့်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့်ဝယ်ယူခြင်းဖြစ်ကြောင်း

AIS အမှုဆောင်အရာရှိချုပ် Mr. Somchai Lertsuthiwong ကဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS