26 April 2024

ကရင်ပြည်နယ်ရှိလမ်းမတွေဟာ အရင်ခေတ်ကိုပြန်ရောက်နေပြီလို့ ဒေသခံတွေကပြောပါတယ်။ လွန်ခဲ့သည့် ၂၀ နှစ်ဝန်ကျင်းဆိုရင် ကော့ကရိတ်-မြဝတီ၊ ကော့ကရိတ်-ကျုံဒိုးနှင့် ကော့ကရိတ်-ဘားအံလမ်းမတွေဟာ ယာဉ်တစ်စီးထဲဖြတ်သန်းသွားလာလို့မရဲခဲ့ကြပါဘူး။ ယာဉ်တစ်စီးထဲသွားလာတာတွေ့ရင် လမ်းပိတ်ပြီး ဓါးမြတိုက်ခံရတာတွေရှိခဲ့ပါတယ်။

.

ဓါးမြတိုက်ခံရပြီးဆိုရင် ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေဆီက နားကပ် ဆွဲကြိုး၊ လက်စွပ်နဲ့ နာရီတွေကအစယူသွားပါတယ်။ အဲဒီတုန်းကဆိုရင်လဲညနေ ၆ နာရီနောက်ပိုင်းဆိုရင် ကားအသွားအလာမရှိတော့တဲ့အပြင် တစ်ရက်ထဲသွားရမယ့်ခရီးကို ညအိပ်သွားရတဲ့အထိရှိခဲ့ဖူးတယ်လို့သိရပါတယ်။

.

ယခုလဲ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း လူအများအသုံးပြုလျက်ရှိသော ကျုံဒိုး-ဇာသပြင် ဆက်သွယ်ထားသောလမ်းတွင် ဓားပြတိုက်မှုနှင့် လုယက်မှုများ ဖြစ်ပွားလာသဖြင့် ခရီးသွားရမည့်သူတွေမှာ စိုးရိမ်မှု မြှင့်တက်နေတယ်လို့ KIC သတင်းကဖော်ပြထားပါတယ်။

.

ဩဂုတ်လ ၂၄ ရက်နေ့က ဖားအံမှတဆင့် ကော့ကရိတ်-မြဝတီသို့ သွားရာလမ်းပိုင်းဖြစ်သော ဒေသအခေါ် ကျားကလေး-ဇာသပြင်လမ်းပိုင်းတွင် ဆိုင်ကယ်နှင့်ခရီးသွားသူတစ်ဦးကို ကားဖြင့်အုပ်စုဖွဲ့၍ အဆိုပါ ဆိုင်ကယ်စီးနင်းသူ၏ ကားလိုင်စင်၊ ဆိုင်ကယ်လိုင်စင် ၊ ကျပ်ငွေငါးသိန်းနှင့်ဖုန်းတစ်လုံးဓါးပြတိုက် ယူဆောင်သွားပါတယ်။

ထို့ပြင် ခရားရွာ၊ သံလယ်ရွာနှင့်ဇာသပြင်ရွာရှိ ရွာခံများမှာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြပြီး မြို့ပေါ်တက် ဈေးရောင်းဈေးဝယ်လုပ်ဆောင်ရန်ပင် အခက်အခဲများရှိလာကြောင်း ဒေသခံများကပြောပါတယ်။

.

“အရင်ကဆို မြို့ပေါ် တက်ဈေးဝယ်တာ ဘာမှမဖြစ်ဘူး။ လမ်းကတော့ လူနည်းနည်းပြတ်တယ်။ အခုမှလုလိုက်ဓါးပြတိုက်လိုက်နဲ့ မြို့သွားရတာ မလွယ်တော့ တခြာလမ်းကသွားရင်ရပေမဲ့ ခရီးကဝေးတယ်လေ။ ဆီဈေးဘာညာနဲ့ အဆင်မပြေဘူး၊ အာဏာသိမ်းလိုက်မှပဲ ပြည်သူတွေငတ်ပြတ်ပြီး အခုလိုလုပ်ရပ်တွေ ဖြစ်လာတာထင်တယ်” လို့ ဒေသခံတွေပြောကြားချက်ကို KIC သတင်းကဖော်ပြထားတာပါ။

.

လက်ရှိတွင် ကရင်ပြည်နယ်အတွင်းအပြင် အခြားသော တိုင်းနှင့် ပြည်နယ်ဒေသ အသီးသီးတွင်လည်း ဖောက်ထွင်းခိုးယူမှု၊ လုယက်မှု၊ သတ်ဖြတ်မှုဖြစ်စဉ်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရာဒေသ တော်တော်များများတွင် သိသိသာသာ ပိုတိုးဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

Ref: KIC

ပုံ-ကော့ကရိတ်မြို့

SHARE THIS NEWS

OTHER NEWS