10 May 2024

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ ပင်လယ်စာရောင်းပေးနေတဲ့ဈေးတစ်ခုတွင် ထိုင်းဘတ် တစ်ထောင်တန်အတုတွေထွက်နေတယ်လို့ ဈေးသည်များထံကသိရပါတယ်။ ပင်လယ်စာရောင်းပေးနေတဲ့ဆိုင်ကနေစတွေ့တာဖြစ်ပါတယ်။

“ကျနော်တို့ဆိုင်ပိတ်ခါနီးမှာ လူငယ် အသက် ၂၀-၂၅ နှစ်အရွယ် ၂ ယောက်က ကင်းမိုတွေလာဝယ်တယ်။ သူတို့ကဈေး ၂၀၀ ဖိုးဝယ်ပြီး တစ်ထောင်တန်ပေးလာတယ်။ ကျနော်ကလဲ သတိမထားမိဘဲ ၈၀၀ ပြန်အမ်းပေးလိုက်တယ်။ နောက်နေ့လဲရောက်တော့ ပိုက်ဆံတစ်ထောင်တန်တစ်ရွက်က ဆေးရည်တွေကွာနေတာတွေ့တယ်။ ဘဏ်ပုံးရှိရာကိုသွားပြီး ထည့်ကြည့်လိုက်တယ်။ စက်ကလက်မခံဘူး။ ဈေးထဲကလူတွေကိုလိုက်ပြတော့ အတုလို့ပြောမှသိရတာပါ၊ အားလုံးသတိထားစေချင်တယ်” လို့ ပင်လယ်စာရောင်းပေးနေတဲ့ ဈေးသည်တစ်ဦးထံကသိရပါတယ်။

တစ်ထောင်တန်အတုတွေကိုကိုင်ဆောင်ပြီး ဈေးလိုက်ဝယ်နေကြတဲ့ လူငယ်တွေရှိနေပါတယ်။ အဲဒါကြောင့် ကျနော်တို့လိုဈေးရောင်းသူတွေအနေနဲ့ ရရှိလာတဲ့ငွေတွေကို သေချာစစ်ကြည့်သင့်တယ်လို့ ၎င်းကဆက်ပြောပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS