5 May 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တွင် ဖွာဟင်(မ်) ဟု အမည်ရှိသော အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦးက ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်တွင် သူငယ်ချင်းတွေနှင့် တူတူပုန်းတမ်းကစားရင်းနဲ့ ကွန်တင်နာထဲဝင်ပုန်းမိပြီး မလေးရှားနိုင်ငံသို့ရောက်သွားကြောင်းကို နိုင်ငံခြားသတင်းဌာနများမှာ ဖော်ပြထားပါတယ်။

ဖွာဟင်(မ်) က သူငယ်ချင်းတွေနှင့် တူတူပုန်းတမ်းကစားရင်းနဲ့ ကွန်တိန်နာထဲမှာ ဝင်ပုန်းပြီး အိပ်ပျော်သွားတော့ ကွန်တင်နာထဲမှာ ၆ ရက်ကြာ ပိတ်မိနေခဲ့ရတာပါ။ ထို့နောက် မိမိက အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး မလေးရှားဆိပ်ကမ်းကိုရောက်သွားကြောင်း သိခဲ့ရတာပါ။

 

 

သတင်းများအရ ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၃ ခုနှစ် တွင် အဆိုပါ ကောင်ကလေး ဖွာဟင်(မ်) ကို မလေးရှားနိုင်ငံ၊ Port Klang ဆိပ်ကမ်း တာဝန်ရှိသူများက ကွန်တိန်နာတစ်ခုမှ အော်ဟစ်သံများကြားရပြီး တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ထို့နောက် တာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီး အလျှင်မြန်အကူအညီပေးခဲ့တာပါ။ အဆိုပါကောင်လေး ဖွာယင်(မ်)ကို ကွန်တိန်နာထဲကထုတ်နေစဉ် အားနည်းခြင်း၊ ရေဓာတ်ခမ်းခြောက်ပြီး စိတ်ဇဝေဇဝါဖြစ်နေခြင်းကြောင့် အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

ကနဦးအရ ကောင်လေး ဖွာဟင်(မ်) ဟာ လူကုန်ကူးမှု၏ နက်နာသူဖြစ်မည်ကို မလေးရှားအရာရှိတွေက စိုးရိမ်နေဆဲပါ။ ဒါပေမယ့် ဖွာဟင်(မ်)က သူ့သူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းကစားရင်းနဲ့ ကွန်တင်နာထဲပုန်းမိတာကြောင့် လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း သိရှိရပြီးနောက် သူ ပြန်လည်သက်သာလာရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ဆောင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

 

SHARE THIS NEWS

OTHER NEWS