3 May 2024

,

ဗန်ကောက်မှာ ရှေ့သုံးလုံးတူထီဆု လာရောက်ထုတ်ယူပြီး မီးကြိုးတန်းပေါ်တက်အိပ်ခဲ့တဲ့ အမျိုးသား တစ်ဦးကို ဘက်ဟိုးဖြင့်ပြန်လည်ယူချ။

လွန်ခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ နေ့လယ် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က မြို့တော်ဗန်ကောက် ဖလမ်စီ လမ်းမကြီး၊ ဖိုင်စင်းတိုလမ်းထိပ်က မီးကြိုးတန်းပေါ်မှာ အမျိုးသားတစ်ဦး အိပ်ပျော်နေတာကို တွေ့ရှိခဲ့လို့ ထောင်လော်ရဲစခန်းနဲ့ နယ်မြေခံလျှပ်စစ်ရုံးက လာရောက်ပြီး ယူချခဲ့ရပါတယ်။

အဆိုပါ အမျိုးသားကို ဘက်ဟိုးနဲ့ယူချပြီးတဲ့နောက် မေးမြန်းကြည့်တဲ့အခါ ရှေ့သုံးလုံးတူ (၁၁၁) ကံထူးလို့ မဟာစားရခမ်ကနေ ခလောင်တိန်မှာ ထီဆုလာရောက်ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ထီဆုထုတ်ယူပြီးနောက်မှာတော့ ဧပြီလ ၁ ရက်နေ့ညကတည်းက အဆိုပါ မီးကြိုးတန်းပေါ်မှာ တက်အိပ်ခဲ့တယ်လို့ ပြုံးရွှင်တဲ့မျက်နှာထားနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အရှေ့သုံးလုံးတူ ထီဆုငွေကတော့ ဘတ် ၄၀၀၀ လို့သိရပါတယ်။

Photo : คลองเตยแลนด์

SHARE THIS NEWS

OTHER NEWS