3 May 2024

ထိုင်းနိုင်ငံကိုလာရောက်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က ပြည်ဝင်ခွင့်ဗီဇာမလိုဘဲနေထိုင်ခွင့် ကာလကို ၄၅ ရက်အထိ တိုးပေးလိုက်ပြီဖြစ်ပါတယ်။

ထိုင်း -မြန်မာ နှစ်နိုင်ငံ နားလည်မှုအရ ဗီဇာမလိုဘဲ နေထိုင်နိုင်ခွင့် ၄၅ ရက်အထိ တိုးပေးဖို့ ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အောက်တိုဘာလဆန်းမှာ ကြေညာထားပြီး၊ ဒါပေမဲ့ ၄၅ ရက်ကြာနေထိုင်ခွင့် ဗီဇာတုံး ထုပေးတာကိုတော့ အခုရက်ပိုင်းအတွင်းမှ ရရှိတာလို့ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးသူတွေက ပြောပါတယ်။

ဗီဇာမလိုဘဲ နေထိုင်ခွင့် သက်တမ်း ၄၅ ရက် တိုးပေးတဲ့အစီအစဥ်နဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကရော၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကရော တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

အရင်က ထိုင်းနိုင်ငံသား နိုင်ငံခြားသားတွေကို ဗီဇာမလိုဘဲနေထိုင်ခွင့် ရက်ပေါင်း ၃၀ ပေးထားချိန်မှာ မြန်မာနိုင်ငံသားတွေကိုတော့ ၁၄ ရက်ပဲ နေထိုင်ခွင့်ပေးခဲ့တာစ်လို့ အဲဒီထက်ကြာကြာနေထိုင်မယ့် မြန်မာနိုင်ငံသားတွေဟာ ရက်ပေါင်း ၆၀ ရတဲ့ ခရီးသွားဗီဇာကို လျှောက်ခဲ့ကြရတာဖြစ်ပါတယ်။

ကိုးကား -BBC

SHARE THIS NEWS

OTHER NEWS