3 May 2024

ဇွန် ၂၉ ရက်၊ ၂၀၂၂

အဆုတ်ကိုတွယ်ကပ်အားပိုကောင်းသော အိုမီခရွန်မျိုးကွဲသစ် BA.4 – BA.5 လူနာတွေ့ရှိပြီးနောက် မတ်စ်တပ်ထားရန်နှင့် ကာကွယ် ၄ ကြိမ်သွားရောက်ထိုးနှံကြရန် စီရီရတ် ဆေးရုံအုပ်ဒေါက်တာ ပရာစစ် ဝတ္ထနာဖာ ကသတိပေးတိုက်တွန်းထားပါတယ်။

ထိုင်းအစိုးရဘက်က နှာခေါင်းစည်းများကို မိမိသဘောဆန္ဒအရ တပ်လိုတပ် ဖြုတ်လိုဖြုတ်နေနိုင်တယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ဆေးရုံက ပြည်သူများကိုထပ်မံသတိပေးလိုက်တာပါ။

အိုမီခရွန်မျိုးကွဲပိုးသစ်ဟာ ဆဲလ်များကို တခုတည်းဖြစ်အောင် စုပ်ယူပေါင်းစည်း ပေးနိုင်စွမ်းရှိခြင်းကြောင့် လူနာ၏ကိုယ်ခံအားစနစ်ကို လာရောက်တိုက်ခိုက်ရန် ဆွဲဆောင်နိုင်ခြင်းကြောင့် လူနာ၏ အဆုတ်ကိုရောင်းရမ်းစေပြီး အသက်အန္တရာယ်ထိ ရှိလာနိုင်တယ်လို့ ဖော်ပြချက်အရသိရပါတယ်။

ထိုကြောင့် ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ကိုဗစ်-၁၉ ထိန်းချုပ်ရေးအစီအမံများကိုဖြေလျှော့လိုက်ပြီဖြစ်သော်လည်း ဖြစ်လာနိုင်ခြေ ရှိသော တကျော့ပြန်ကိုဗစ်လှိုင်းကိုလက်သင့်ခံနိုင်ရန်အတွက် မတ်စ်တပ်ထားကြရန်နှင့် ကာကွယ်ဆေးထိုးနှံထားကြရန် စီရီရတ်ဆေးရုံအုပ် ဒေါက်တာ ပရာစစ် ဝတ္ထနာဖာ က လွန်ခဲ့တဲ့ ၂၇-၆-၂၀၂၂ တွင် တိုက်တွန်းထားပါတယ်။

နိုင်ငံခြားသားကလေးငယ်များနှင့် ထိုင်းနိုင်ငံသားကလေးငယ်များ အသက် ၅ နှစ်အောက်ကလေးများမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးတာကြောင့် ယင်းမျိုးကွဲသစ်သည် ကိုဗစ်ဖြစ်ဖူးသူများတွင်လည်း ၄ လ မှ ၆ လအကြာတွင် ပြန်လည် ကူးစက်ခံရနိုင်ခြင်းကြောင့် နှာခေါင်းစည်းတပ်ခြင်း လက်ကိုပုံမှန်ဆေးပေးခြင်း ခပ်ခွာခွာနေထိုင်ခြင်းဖြင့် မိမိကိုယ်ကိုကာကွယ်ထားခြင်း မပြတ်လုပ်ဆောင်သွားဖို့လိုတယ်လို့ အကြုံပြုထားပါတယ်။

တဆက်တည်းမှာ လာမည့် ဇူလိုင်လမှာလဲ ထိုင်းပြည်တွင်းခရီးသွားမြှင့်တင်ရေးအတွက် အစိုးရရုံးပိတ်ရက်ကို ၁၅ ရက် သတ်းထားသည်ဟု ထိုင်းဝန်ကြီးများကောင်စီက အတည်ပြုကြေညာထားပြီးနောက်ထိုင်းသတင်းဌာနများက ဖော်ပြထားပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် နာလန်မထူနိုင်တဲ့ ထိုင်းပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည်နာလန် ထူနိုင်ရေးအတွက် လာမည့်ဇူလိုင်လ (၂၀၂၂) တွင် အစိုးရရုံးပိတ်ရက် ၁၅ ရက် သတ်မှတ်ပေးလိုက်တာပါ။

ထို့အတူ မဲဆောက်-မြဝတီနယ်စပ်ဂိတ်များ အလုံးစုံပြန်ဖွင့်နိုင်ရေး တာ့ခ်ခရိုင်စီးပွားရေးပြန်လည်နာလန်ထူနိုင်ရန်ရည်ရွယ်၍ မဲဆောက်-မြဝတီနယ်စပ်ဂိတ်အသီးသီးကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာအစိုးရနှင့်ညှိနှိုင်းရန် တာ့ခ်ခရိုင်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက အသင်းအစည်းအဝေးတွင် ထိုင်းအစိုးရကို ဖိအားပေးအဆိုပြုခဲ့ပါတယ်။

မဲဆောက်-မြဝတီနယ်စပ်ဂိတ်အသီးသီးကို ထိုင်းဘက်ကပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်သည်မှာ ၂ လကြာရှိလာပြီဖြစ်သော်လည်း မြန်မာဘက်က ဖွင့်လှစ်လာခြင်းမရှိသေးသဖြင့် ၂ နှစ်ကြာအေးစက်နေသော တာ့ခ်ခရိုင်စီးပွားရေးကို ပြန်လည်နာလန်ထူရန်အတွက် မြန်မာအာဏာပိုင်များနှင့်အမြန်ဆုံးတွေ့ဆုံးညှိနှိုင်ပြီး နယ်စပ်ဂိတ်များကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စည်းဝေးခဲ့ကြတာပါ။

နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတာနဲ့ ထိုင်းဘက်ကို မြန်မာလုပ်သားဝင်လာလို့မရသေးတာကြောင့် တာ့ခ်ခရိုင်အထူးစီးပွားရေးဇုန်ထဲတွင် လုပ်သားရှားပါးသည့်ပြဿနာနှင့်ရင်ဆိုင်နေရပါတယ်။

မဲဆောက်မြို့မှာလဲ စီးပွားရေးလုပ်ငန်းရှင်များနှင့်ခရီးသွားများလာရောက်လည်ပတ်ခြင်းမရှိသည့်အတွက် ယခင်ကလို နာလန်မထူနိုင်သေးဘူးလို့ မဲဆောက်ဒေသခံ မြန်မာများကဆိုပါတယ်။

“မဲဆောက်မြို့ကတော့ မြန်မာဘက်ကပေးဝင်မှ အရင်လိုလူသွားလူလာများလာမှာ ကိုဗစ်ဖြစ်ကတည်းက မဲဆောက်မြို့အခြေအနေက အရမ်းတိတ်ဆိတ်သွားတယ်။ ယခင်တုန်းကဆိုရင် မဲဆောက်မှာရှိတဲ့ ရှော့ပင်းမောတွေမှာဆိုရင် စျေးလာဝယ်တဲ့သူတွေက မြန်မာဘက်ကလာတဲ့သူတွေများတယ်။ မဲဆောက်မြို့က တခြားမြို့ကနေလာရင် တောင်ကြားကိုကျော်ပြီးမှလာရတယ်ဆိုဆိုတော့ ထိုင်းနိုင်ငံအတွင်းပိုင်းကလူတွေ ကိစ္စမရှိရင် မလာကြဘူး။ လူဝင်လူထွက်နည်းတော့ လိုင်းကား၊ ဆိုင်ကယ်၊ သုံးဘီး စျေးဆိုင်တွေ ယခင်ကထက်ဝင်ငွေတွေ ၆၀ ရာခိုင်းနှုန်းလောက်လျော့သွားတယ်” လို့ မဲဆောက်အမှတ် (၁) တံတားမှာနေတဲ့ မြန်မာတစ်ဦးက Myanmar Live ကိုပြောပါတယ်။

ထို့ကြောင့် မဲဆောက်-မြဝတီနယ်စပ်ဂိတ်အသီးသီးကို အလုံးစုံပြန်လည်ဖွင့်နိုင်လျင် ကုန်ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများဖြစ်သော ရှောပင်းလုပ်ငန်းများပါ ပြန်လည်အသက်ဝင်လာပြီး ခရိုင်တွင်းစီးပွားရေးကို အချိန်တိုအတွင်း ပြန်လည်နာလန်ထူနိုင်ရေးအတွက် နယ်စပ်ဒေသ ပုဂ္ဂလိက လုပ်ငန်းရှင်များနဲ့ နယ်စပ်ကုန်သည်ကြီးများအသင်းမှ ထိုင်းအစိုးရကို မြန်မာနိုင်ငံနဲ့ နိုင်ငံအဆင့် ဆွေးနွေးညှိနှိုင်းပေးဖို့ အစည်းအဝေးမှာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS