10 May 2024

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေ့ပြောင်းလုပ်သားများကို ခေါ်ယူသွားမည်ဟု ထိုင်းပြည်တွင်းလုံခြုံရေး ကွပ်ကဲရေးဌာနချုပ် ထုတ်ပြန်။

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေ့ပြောင်းလုပ်သားများကို ခေါ်ယူသွားမည်ဟု ထိုင်းပြည်တွင်းလုံခြုံရေးကွပ်ကဲရေးဌာနချုပ် (Internal Security Operations Command : ISOC) အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး စန်းတိဖွန် ဓမ္မပီယ ကယနေ့ (ဖေဖော်ဝါရီ ၄ ) တွင် ဗီဒီယိုကွန်းဖရင့်မှတဆင့် ပြောကြားခဲ့ကြောင်း ISOC လက်ထောက်ပြောခွင့်ရသူ ရဲမေ ဗိုလ်ကြီး ကန်ယနနတ် ဖော်နိဖတ်ထကွန် ကဆိုသည်။

ထိုင်းအစိုးရက သုံးနိုင်ငံလုပ်သားများကို MoU စနစ်ဖြင့်ခေါ်ယူရာတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ကမ္ဘောဒီးယားလုပ်သားများကို စတ်ကက်ယောက်နယ်စပ်မှတဆင့် စတင်ခေါ်ယူနေပြီး ပြည်တွင်းရှိလုပ်သားများကိုလည်း ၁၃-၂-၂၀၂၃ ရက်အထိဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ပြုထားသည်ဟု ဆိုသည်။

 

 

ထိုင်းအစိုးရ၏ သုံးနိုင်ငံလုပ်သားစီမံအုပ်ချုပ်ရေးမူဝါဒများကိုပူးပေါင်းဆောင်ရွက်မှုပေးကြရန် ဒေသ ISOC ရုံးအားလုံးကိုညွှန်ကြားထားသည်ဟု သူမကဆိုသည်။

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်ဝင်ရောက်လာမှုပပျောက်ရေး၊ လုပ်သားလုံလောက်ရေး၊ ဉပဒေမှသတ်မှတ်ထားသည့်လုပ်သားခံစားခွင့်များအပြည့်အဝရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့်သုံးနိုင်ငံလုပ်သားများကို ကိုဗစ်-၁၉ စီမံချက်နှင့်အညီ ခေါ်ယူရာတွင် ပူးပေါင်းဆောင်ရွက်မှုအပြည့်အဝပေးသွားရန် ထပ်မံညွှန်ကြားထားသည်ဟု ပြောခွင့်ရသူ ကဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS