2 May 2024

ပွဲစားမင်းအောင်သေဆုံးမှုတွင် သံသယတရားခံ ၅ ဦး ဖမ်းဆီးနိုင်ပြီဟု ကရထွန့်ဘန်းနယ်မြေရဲစခန်း က ယမန်နေ့ညနေ ၅ နာရီအချိန်တွင်ပြုလုပ်ခဲ့သော စတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများတွင် ဆာရာအောင် အသက် ၃၀ နှစ်၊ မောင်မင်းထက် အသက် ၂၄ နှစ်၊ စိုးမင်းသူ အသက် ၃၃ နှစ်၊ ချစ်အောင် အသက် ၃၅ နှစ်၊ နိုင်လင်း အသက် ၂၄ နှစ် စသည့်မြန်မာနိုင်ငံသား ၅ ဦး အပါအဝင် စမွတ်ဆာခွန်လိုင်စင် ရွှေရောင်စလွန်းကား ၁ စီး၊ ကန်ကျနဘူရီလိုင်စင် မီးခိုးရောင်ပစ်ကပ် ကား ၁ စီးနှင့် ၃၀ စီတီမီတာအရွယ်အစားရှိသော ဓားမြှောင် ၁ လက်တို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သံသတရားခံများကို ကန်ကျနဘူရီခရိုင်၊ ထောင်ဖားဖူမြို့နယ်၊ ပီလော့ကျေးရွာအုပ်စု၊ ၄ ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

 

ချစ်အောင်ဆိုသူကို ဘာသာပြန်မှတဆင့် စစ်ဆေးမေးမြန်းအချက်အရ မင်းအောင်ဆိုသူက ငွေယူထားပြီး အထောက်အထားမပြုလုပ်ပေးခြင်းကြောင့်၊ ၎င်း၏ညီမဖြစ်သူကို အဓ္ဓမပြုကျင့်ခဲ့ကြောင်းနှင့် အလုပ် သမားကိစ္စတချို့ကြောင့် နာကြည်းစိတ်ဖြင့် သတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း ထုတ်ပြန်သည်။

သေဆုံးသူမင်းအောင်က သံသယတရားခံတစ်ဦး၏ဇနီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် နာကြည်း စိတ်ဖြစ်ပြီး ကရာထွန့်ဘန်းနယ်မြေမှဖမ်းခေါ်သွားကာ ကားပေါ်တွင်ဝိုင်းဝန်းညှဉ်းပန်းနှိပ်စက်ရာက မေ့မျောသွားခဲ့ပြီးနောက် လှည်လှီးသတ်ပစ်လိုက်ပြီး အလောင်းကို စမွတ်ဆုန်ခရမ်ခရိုင်ရှိ ပုဇွန်ကန် တစ်ခုထဲတွင် စွန့်ပစ်ခဲ့ကာ သေဆုံးသူ၏မော်တော်ကားကို ဖစ်ဘူရီခရိုင်တွင် သွားရောက်ပစ်ထားခဲ့သည် ဟု သံသယတရားခံများက ထွက်ဆိုကြောင်း အမှတ်-၇ ရဲတပ်ဖွဲ့မှူးက ဆိုသည်။

ဖမ်းဆီးခံရသောသံသယတရားခံများအနက် သေနတ်အသုံးပြုတတ်ပြီး သတ်ရဲဖြတ်ရဲသော God army တပ်ဖွဲ့ဝင်ဟောင်းများပါဝင်နေပြီး မာဖီးယားဂိုဏ်းတစ်ခုအနေဖြင့် လှုပ်ရှားမှုရှိနေခြင်းကြောင့် လူ့အဖွဲ့ အစည်းလုံခြုံရေးပေါ် ခြိမ်းခြောက်မှုဖြစ်နေ၍ အင်အားကြီးမားလာခြင်းမရှိစေရန် အမြစ်ပြတ်ရှင်းလင်း ရမည်ဟု ရဲတပ်ဖွဲ့မှူးက ဆိုသည်။

 

 

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့ မနက် ၆ နာရီအချိန်တွင် စမွတ်ဆာခွန်ခရိုင်၊ ကရထွန့်ဘန်းမြို့နယ်၊ ခယ်ရိုင်ကျေးရွာအုပ်စု၊ ၁ ရက်ကွက်ရှိ ခွန်နိုင်ညဈေးငှားနေဆောင်တွင် အိပ်ပျော်နေသော အသက် ၄၀ နှစ်ရှိ မင်းအောင်ဆိုသူကို အမျိုးသား ၅ ဦးက ဖမ်းခေါ်သွားခဲ့ပြီး မင်းအောင်၏မော်တော်ကားကိုပါ ယူသွားခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ထို့နောက် ဇွန်လ ၂ ရက်နေ့ မနက် ၉ နာရီ ၅၇ မိနစ်အချိန်တွင် စမွတ်ဆုန်ခရမ်ရိုင်၊ ဘန်ကျကရန် ကျေးရွာအုပ်စု၊ ၄ ရပ်ကွက်ရှိ ရေမြောင်းထဲတွင် သေးဆုံးသူ၏အလောင်းကိုတွေ့ရှိခဲ့သည်ဟု ထုတ်ပြန် ထားသည်။

SHARE THIS NEWS

OTHER NEWS