9 May 2024

,

၂၀၂၂ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် ဖင်လန်အားကစားသမားတစ်ဦး လိင်တံအေးခဲ၍ ရေနွေးအိတ် အုံရ။

ယမန်နေ့က ပြီးဆုံးသွားတဲ့ ၂၀၂၂ ဘေဂျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ Cross-country skiing လို့ ခေါ်တဲ့ ရေခဲပြင်စကိတ်အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဖင်လန်ကစားသမား Remy Lindhome ဟာ ရာသီဉတုအေးလွန်းတာကြောင့် လိင်တံအေးခဲသွားတဲ့ပြဿနာနဲ့ရင်ဆိုင်ခဲ့ရပြီး ပန်းဝင် တဲ့နောက်မှာ ရေနွေးအိတ်အုံပေးခဲ့ရတဲ့အကြောင်း ဂါဒီယန်သတင်းဌာနကဖော်ပြထားပါတယ်။

ရာသီဉတုဆိုးရွားလွန်းတာကြောင့် ပြိုင်ပွဲအကွာအဝေးကို ကီလိုမီတာ ၅၀ ကနေ ကီလိုမီတာ ၃၀ ကိုလျှော့ချခဲ့ရသလို ပြိုင်ပွဲချိန်ကိုလည်း ၁ နာရီနောက်ဆုတ်ခဲ့ရပါတယ်။

လေတိုက်နှုန်းကြမ်းပြီး အလွန်းအေးတဲ့ရာသီဉတုအောက်မှာ ယှဉ်ပြိုင်ရတဲ့ Remy Lindhome ဟာ အချိန် ၁ နာရီ ၁၆ မိနစ်မှာပန်းဝင်နိုင်ခဲ့ပါတယ်။

သူဟာ ဒုတိယအကြိမ်လိင်တံအေးခဲတဲ့ပြဿနာနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဖင်လန်နိုင်ငံဖူကမြို့မှာပြိုင်ပွဲဝင်တုန်းက အခုလိုလိင်တံအေးခဲတဲ့ပြဿနာနဲ့ရင်ဆိုင်ခဲ့ဖူးပါတယ်။

“ပန်းဝင်တဲ့နောက်မှာ အဲဒီနေရာပြန်နွေးလာဖို့ ရေနွေးအိတ်ကပ်ထားလိုက်တယ် သွေးအေးသွားတဲ့အခါ အဲဒီနေရာတော်တော်နာကျင်တယ်” လို့ Remy Lindhome ကဆိုပါတယ်။

ဝမ်းဇီ

SHARE THIS NEWS

OTHER NEWS