10 May 2024

ဇန်န၀ါရီလ ၁၈ ရက်၊ ၂၀၂၃ တွင် Prachuap Khiri Khan ဆေးရုံ ဒါရိုက်တာ ဒေါက်တာ Arak Wongworachat၊ Arak Wongworachat ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် နာတာရှည်ခေါင်းကိုက်မှုများ ဆက်လက်ပြင်းထန် လာပြီး စိတ်မကျေမနပ်ဖြစ်ကာ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းသော အသက် 65 နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦးသည် မူးဝေခြင်း၊ မကြာခဏ ခေါင်းကိုက်ခြင်း ၊ ပူအိုက်သောရာသီဥတုကြောင့် နှစ်ပေါင်းများစွာ နာကျင်ကိုက်ခဲမှုဝေဒနာကိုခံစားနေရပြီး ရောဂါကြီးကြီးကျယ်ကျယ်မဖြစ်ဘူးထင်ကာ အကိုက်အခဲပျောက်ဆေးများသောက်ကာ နေခဲ့ပါတယ်။ အလုပ်မှာစိတ်ဖိစီးလာပြီး နောက်ပိုင်းတွင် ပင်ပန်းနွမ်းနယ်လာကာ အားအင်တွေသိပ်မရှိတော့ဘဲ ဈေးကိုတောင် ခဏလောက်လမ်းလျှောက်သွားလို့မရတော့ဘူး။ ဆွေမျိုးတွေက သူမရဲ့ခြေထောက်တွေ ဆွဲငင်နေတာ ပုံမှန်မဟုတ်သောကိုယ်ဟန်အနေအထားကိုသတိထားမိကြပြီး သူမကို ဆရာဝန်ဆီခေါ်သွားရန်ဆုံးဖြတ်လိုက် ကြပါတယ်။

ဆေးရုံးတွင်ဆရာဝန်တွေရဲ့ဆေးစစ်ဆေးချက်အရ ဦးနှောက်ထဲတွင် ၃စင်တီမီတာရှိတဲ့ဦးနှောက်အကျိတ်ကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ထံပို့ပြီး ဦးနှောက်ခွဲစိတ်ရန်ရက်ချိန်းယူပြီး အသားစိုင်ကို အောင်မြင်စွာဖယ်ရှားလိုက်နိုင်ပါတယ်။ ဦးနှောက်ထိခိုက်မှုမရှိဘဲအကျိတ်တစ်ခုလုံးကိုဖယ်ရှား လိုက်နိုင်ပြီးနောက် လူနာသည်လျင်မြန်စွာပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ အားနည်းခြင်းကလဲ တဖြည်းဖြည်းသက်သာလာပြီး ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဦးနှောက်အကျိတ်ရောဂါကို စောစီးစွာသိရှိနိုင်လျှင် အကျိတ်သည် မကြီးထွားဘူး ဦးနှောက်ထဲမပျံ့နှံသေးဘူး ဆိုရင် ခွဲစိတ်မှုဖြင့်ပျောက်ကင်းနိုင်ပါတယ်။ ဦးနှောက်အမြှေးပါးအကျိတ် ဖြစ်ပွားမှုနှုန်းသည် အသက်ကြီးလာ သည်နှင့်အမျှ ဖြစ်ပွားမှုတိုးလာပါတယ်။ အမျိုးသမီးများသည် အမျိုးသားများထက် ဦးနှောက်အကျိတ်ရောဂါ ဖြစ်နိုင်ချေ ၂ဆ ပိုများပါတယ်။ အကျိတ်အဖုသည်မပြင်းထန်ဘဲ ကင်ဆာအမျိုးအစား 1-3% သာဖြစ်နိုင်ချေ တွေ့ရှိနိုင်ပါတယ်။

ဆရာဝန်တွေရဲ့အကြုံပြုချက်များအရ ခေါင်းကိုက်ခြင်းပိုဆိုးပါလာက ( သို့မဟုတ် ) ခေါင်းကိုက်ခြင်းသည် နေ့စဉ်ဘဝကိုထိခိုက်လာပါက ရောဂါရှာဖွေရန်အတွက်ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။ သို့သော် တက်ခြင်း ၊ အားနည်းခြင်း ၊ အမြင်အာရုံ (သို့မဟုတ် ) မှတ်ဉာဏ်ချို့ယွင်းမှုများ ပြောင်းလဲလာပါက ဆရာဝန်နဲ့အမြန်ဆုံး ပြသင့်ပါတယ်လို့ အကြံပေးထားပါတယ်။

SHARE THIS NEWS

OTHER NEWS