7 May 2024

မဲဆောက်-မြဝတီအမှတ် ၁ ချစ်ကြည်ရေးတံတားဖွင့်လှစ်ဖို့ မြန်ဘက်က အဆင်သင့်မဖြစ်သေး၊ မေလ ၁၅ ရက်နေ့မတိုင်ခင်ထူးခြားမှုရှိလာနိုင်ဟု သိရ

ထိုင်းနယ်စပ်အာဏာပိုင်တွေဘက်က မြဝတီအာဏာပိုင်များနဲ့အလွတ်သဘောတွေ့ဆုံဆွေးနွေးချင်ပေမယ့်၊ မြန်မာဘက်က စီစဥ်ဆောင်ရွက်နေတာတွေ အဆင်သင့်မဖြစ်သေးဘူး မေလ ၁၅ ရက်နေ့ မတိုင်ခင်ထူးခြားမှုတစ်ခုရှိလာနိုင်တယ်လို့ မြဝတီအာဏာပိုင်တွေဘက်က ပြောလာတဲ့သတင်းကိုထိုင်းသတင်းတွေကဖော်ပြထားတာပါ။

သတင်းတွေထဲမှာတော့ ထိုင်းနဲ့မြန်မာနယ်စပ်အာဏာပိုင်တွေ အချိတ်အဆက်တွေအမြဲရှိနေတယ်။ တရားမဝင် ဝင်ရောက်မှုကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ တရားမဝင်လက်နက်ပို့ဆောင်တဲ့ကိစ္စ၊ အမှုအခင်းကိစ္စနဲ့ အခြားတရားမဝင်လုပ်ငန်းများနဲ့ပတ်သက်တာတွေကို တားမြစ်နိုင်ဖို့အမြဲချိတ်ဆက်ပြောဆိုတာတွေရှိနေတာပါ။၏

ထိုင်းဘက်ခြမ်ကးတံတားထိပ်တွေမှာတော့ လူကူးတံတားပြန်ဖွင့်လှစ်မယ်ဆိုတဲ့သတင်းကြောင့် လူစီးလိုင်းကား၊ အငှားဆိုင်ကယ်နဲ့ ေစျေးဆိုင်တွေ ဖွင့်လှစ်ဖို့ ပြင်ဆင်မှုတွေလုပ်နေပြီလို့ သိရပါတယ်။ မြန်မာဘက်ကအဆင့်မဖြစ်သေးလို့ မေလ ၆ ရက်နေ့မှာလဲ နယ်စပ်ဂိတ်တွေ မဖွင့်လှစ်နိုင်သေးလို့ သိရပါတယ်။

SHARE THIS NEWS

OTHER NEWS