10 May 2024

ထိုင်းနိုင်ငံတဝန်းရှိ ကြယ်ငါးပွင့်ဟိုတယ်များက ၎င်းတို့၏နောက်ဆုံးလ Service Charge များကို အသီးသီးထုတ်ဖော်ခဲ့ကြပြီး အများဆုံးဟိုတယ်မှာ ဝန်ထမ်းတစ်ဦးလျှင် ဘတ် ၇၉၉၈၀ အထိ ရရှိကြသည်။

အများဆုံးရရှိသည့်ဟိုတယ်မှာ ထိုင်းတောင်ပိုင်း ဖူကက်ရှိ JW Marriott Phuket ဟိုတယ်ဖြစ်ပြီး ဝန် ထမ်းတစ်ဦးလျှင် ၇၉၉၈၀ ဘတ် ၊ ဒုတတိယအများဆုံးမှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်ရှိ Four Seasons Tented Camp Golden Triangle Chiang Rai ဟိုတယ်ဖြစ်ပြီး ဝန်ထမ်းတစ်ဦးလျှင် ၆၅၉၃၉ ဘတ်၊ တတိယအများဆုံးဖြစ်သော ထိုင်းတောင်ပိုင်း စမွီးကျွန်းရှိ Four Seasons ဟိုတယ်တွင် ဝန်ထမ်းတစ် ဦးလျှင် ၆၄၅၂၀ ဘတ် အသီးသီးရရှိကြသည်ဟု ဖော်ြပထားသည်။

အခြားသောကြည်ငါးပွင့်ဟိုတယ်များတွင်လည်း အနည်းဆုံး ဘတ် ၃ သောင်း မှ ၄ သောင်းအထိ ရရှိကြသည်ဟု သိရှိရသည်။

ကိုဗစ်-၁၉ နှင့် ဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ခရီးသွားစရိတ်မြင့်တက်လာပြီးနောက် ငွေရှင်ကြေးရှင်များ သာ အလည်ခရီးထွက်နိုင်ကြပြီး ၎င်းတို့က ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်များကို ရွေးချယ်တည်းခိုကြသူ များဖြစ်၍ ထိုင်းဟိုတယ်များက တည်းခိုခကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနိုင်သည်ဟု ဖော်ပြ ထားသည်။

ထို့ကြောင့် ထိုင်းနိုင်ငံတဝန်းရှိ ဟိုတယ်လုပ်ငန်းများကို လွန်ခဲ့သည့်နှစ် ဇူလိုင်လမှာတင် ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီး ကိုဗစ်မတိုင်မီကာလနှင့်နှိုင်းယှဉ်လျှင် ခရီးသွားဦးရေနည်းပါးနေသေးသော်လည်း အဆင့်မြင့် ဟိုတယ်ဝန်ထမ်းများရရှိသော Service Charge မှာ အလွန်မြင့်မားနေခြင်း ဖြစ်သည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS