13 May 2024

ဇူလိုင် ၂၈ ရက်၊ ၂၀၂၂

မြန်မာနိုင်ငံ ကော့သောင်းမှတဆင့် ထိုင်းနိုင်ငံ ရနောင်းခရိုင်ကို တရားမဝင် ဝင်လာတဲ့မြန်မာနိုင်ငံသား ၅၈ ယောက်၊ လမ်းပြ ၃ ယောက်နဲ့ ၄င်းတို့စီးလာတဲ့ ကား ၃ စီးကိုဖမ်းမိထားတယ်လို့ ထိုင်းစစ်တပ် အမှတ် -၂၅ အထူးခြေမြန်တပ်ရင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

 

မြန်မာ ၅၈ ယောက်ခန့်က ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ အလုပ်ရဖို့လာခဲ့တာလို့သိရပါတယ်။ ထိုင်းဘက်ခြမ်းကိုမကူးမီ ဇူလိုင် ၅ ရက်က ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့မှာ လူစုခဲ့တာလို့ သိရပါတယ်။ ဇူလိုင်၂၆ ရက်နေ့ည ၈ နာရီက ပဲ့ချိတ်လှေ နှစ်စင်းနဲ့ ရနောင်းဘက်ကမ်းကို ကူးလာခဲ့ပြီး လမ်းလျှောက်လာကြရင်း ထိုင်းဘက်ခြမ်းက တောလမ်းတနေရာမှာ အဖမ်းခံလိုက်ရတာလို့ သိရပါတယ်။

 

 

လက်ရှိမှာ တရားမဝင်တွေကို ဘတ်ရိုက်ပေးမယ်ဆိုတဲ့သတင်းကြောင့် ထိုင်းဝင်ရောက်တဲ့လမ်းမှာ မြန်မာခိုးဝင်လုပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရပါတယ်။ မြန်မာလုပ်သားတွေမှာ မလေးရှားမှာနိုင်ငံမှာအလုပ်ရဖို့အတွက် ၅၅၀၀၀ ဘတ်၊ ထိုင်းမှာအလုပ်ရဖို့ ၂၅၀၀၀-၃၀၀၀၀ အထိပေးရတယ်လို့ ဖမ်းဆီးခံရသူတွေထံကသိရပါတယ်။ ဖမ်းဆီးခံရသူတွေကို အရေးယူဖို့ ကရာ့ဘူရီရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS