27 April 2024

ချိ(စ်) စားပြီး အိပ်မက်ဆိုးမက်နိုင်တဲ့ သီအိုရီကို ကြားဖူးကြပါသလား။ အဲဒီသီအိုရီကို ယုံကြည်ကြတဲ့သူရှိသလို မယုံကြည်သူတွေလည်းရှိကြမယ်လို ယုံကြည်ပါတယ်။

မကြာသေးမီက Sleep Junkie ဟုအမည်ရှိသော မွေ့ယာဘရမ်းတံဆိပ်ဟာ ဒေါ်လာ ၁,၀၀၀ အထိ ရရှိနိုင်သော လွယ်ကူတဲ့ အလုပ်များအတွက် ချိစ်စားရန်နှင့် အိပ်ရန် လူများကို ရှာဖွေနေကြောင်း ကြေညာခဲ့ပါတယ်။

ဥရောပတွင် ရေပန်းစားသော “အိပ်ရာမဝင်ခင် ချိ(စ်) စားရင် အိပ်မက်ဆိုးတွေ မက်လိမ့်မယ်” ဆိုတဲ့ အိပ်စက်ခြင်း သီအိုရီက အမှန်တကယ်လားဆိုတာကိုသိချင်လို့ Sleep Junkie ကုမ္ပဏီက အိပ်စက်ခြင်းဆိုင်ရာ အကြောင်းအရာအသစ်အဆန်းများကို လေ့လာလိုကြောင်း ရှင်းပြပြောဆိုထားပါတယ်။

အထူးအားဖြင့် Sleep Junkie ကုမ္ပဏီက ဤအလုပ်ကိုလုပ်ရန် ဝန်ထမ်း ၅ ဦးသာ လိုအပ်ပါတယ်။ အလုပ်မှာ မတူညီသော ချိ(စ်) များကို မြည်းပြီး အိပ်ရာဝင်အိပ်ရပါမယ်။ စမ်းသပ်မှုများအတွင်း နေ့စဉ် စွမ်းအင်သုံးစွဲနှုန်း နှင့် အိပ်စက်မှုအရည်အသွေးကို မှတ်တမ်းတင်ရန် ပြုလုပ်ပါမည်။

ဤအစီစဉ်ကို မတ်လတွင် စတင်ကျင်းပပြီး ၃ လအကြာတွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားပါတယ်။ ထို့နောက်တွင် လုပ်အားခ ဒေါ်လာ ၁,၀၀၀ ကို ရရှိမည်ဖြစ်ပါတယ်။

လျှောက်ထားသူ၏ အရည်အချင်းများမှာ အသက် ၂၁ နှစ်အထက်ရှိပြီး နို့ သို့မဟုတ် lactose နှင့် ဓာတ်မတည့်ခြင်းမရှိသူ ဖြစ်ရမည်။ စမ်းသပ်မှုအတွင်း တစ်ယောက်တည်း အိပ်ရပါမည်။

စိတ်ပါဝင်စားရင် https://www.sleepjunkie.com/get-paid-to-eat-cheese/ လင့်ခ်မှာ လျှောက်ထားနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS