3 May 2024

မတ်လ ၁ ရက်(၂၀၂၂) နေ့မှစ၍ ထိုင်းနိုင်ငံသို့ ကုန်းကြောင်း ရေကြောင်း နှင့် လေကြောင်းခရီးဖြင့် ဝင်ခွင့်ပြုပြီဟု ထိုင်းခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်။

မတ်လ ၁ ရက် (၂၀၂၂) နေ့မှစ၍ ထိုင်းနိုင်ငံသို့ဝင်ရောက်လိုသည့်နိုင်ငံခြားသားများသည် နောင်းခိုင်၊ ဥဒေါင်းဌာနီ၊ စုန်ခလာ စသည့်နယ်စပ်ဂိတ်သုံးခုမှတစ်ဆင့် ကုန်းကြောင်းဖြင့်ဝင်ရောက်လာနိုင်ပြီဟု သိ ရသည်။

ဝင်ရောက်လာမည့်နိုင်ငံခြားသားသည် Thailand Pass တွင်အမည်စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကွာရန် တင်းဝင်ရန်မလိုသော်လည်း ဆေးအဖြေစောင့်ကြည့်ရန်အတွက် ဆိုက်ရောက်လာသည့်ပထမညတွင် သတ်မှတ်ထားသည့် Sha Extra Plus /AQ တွင် တည်းခိုရမည်။

 

 

ခရီးထွက်ခွာရန် ၁၄ ရက်မတိုင်မီ ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားချက်နှင့်အညီ ကာကွယ်ဆေး ထိုးနှံထားသူဖြစ်ရမည်။

SHA++ 1 တည်းခိုခပေးချေထားသည့်အထောက်အထားပြရမည်။

အာမခံကြေး အမေရိကန်ဒေါ်လာ ၂ သောင်း (ဘတ် ၆ သိန်းကျော်)ခံစားခွင့်ရှိသည့် အသက်အာမခံ ဝယ်ယူထားသူဖြစ်ရမည်။

ခရီးမထွက်ခွာလာမီ ၇၂ နာရီအတွင်း RT-PCR နည်းဖြင့် ကိုဗစ်-၁၉ စစ်ဆေးရမည်။

ဆိုက်ရောက်လာသည့်အခါ RT-PCR နည်းဖြင့်ကိုဗစ်-၁၉ ရှိမရှိ ၁ ကြိမ်စစ်ဆေးရမည်ဖြစ်ပြီး ၂ ကြိမ် မြောက်ကို ATK ကိရိယာဖြင့် ကိုယ်တိုင်စစ်ဆေးရမည်ဖြစ်ကာ ၅ ရက်မြောက်နေ့တွင် အဖြေပေးပို့ရမည်။

လေကြောင်းမှဝင်ရောက်လာသူများသည် ကုန်းကြောင်းမှဝင်ရောက်လာသူများနည်းတူလိုက်နာဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ရေကြောင်းမှဝင်ရောက်လာသူများသည် COE တွင်အမည်စာရင်းပေးသွင်းရမည်။

နိုင်ငံကန့်သတ်ထားခြင်းမရှိဘဲ အပျော်စီး‌လှေနှင့်အားကစားလှေ(ရွက်လှေ)ဖြင့်ဝင်ရောက်နိုင်သည်။ကွာရန်တင်းဝင်ရန်မလိုဘဲ လှေပေါ်တွင်ဆေးအဖြေစောင့်ယူရမည်။

အာမခံကြေး အမေရိကန်ဒေါ်လာ ၂ သောင်း (ဘတ် ၆ သိန်းကျော်)ခံစားခွင့်ရှိသည့် အသက်အာမခံ ဝယ်ယူထားသူဖြစ်ရမည်။

ခရီးမထွက်ခွာလာမီ ၇၂ နာရီအတွင်း RT-PCR နည်းဖြင့် ကိုဗစ်-၁၉ စစ်ဆေးရမည်။

ဆိုက်ရောက်လာသည့်အခါလှေပေါ် သို့မဟုတ် သတ်မှတ်နေရာတွင် RT-PCR နည်းဖြင့် ၁ ကြိမ်ထပ်မံ စစ်ဆေးရမည်ဖြစ်ပြီး ၂ ကြိမ်မြောက်ကို ATK ကိရိယာဖြင့်ကိုယ်တိုင်စစ်ဆေးရမည်ဖြစ်ကာ ၅ ရက် မြောက်နေ့တွင် အဖြေပေးပို့ရမည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS