10 May 2024

နေ့မအား ညမအား ပိတ်ရက်မရှိ အလုပ်လုပ်ရတာကြောင့် ထိုင်းရုပ်သံဌာနတစ်ခုမှာ ထုတ်လွှင့်မှုအစီ အစဉ်ရေးဆွဲတဲ့ဝန်ထမ်းတစ်ဦးဟာ နှစ်ရှည်လများ အလုပ်ဝန်ပိလာတဲ့နောက်မှာတော့ အလုပ်စားပွဲ မှာတင် ဝမ်းနည်းဖွယ် အသက်သေဆုံးသွားပါတယ်။

အသက် ၄၀ ကျော်အမျိုးသားဟာ “ကျနော်သေမှပဲ ကျနော့်အလုပ်ကိုကူမယ့်လူ ထပ်ခေါ်မယ်ထင်ပါရဲ့” ဆိုပြီး ညည်းတွားလေ့ရှိတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ဆိုပါတယ်။

အသက်သေဆုံးသူ Bird ဟာ ရုပ်သံဌာနတစ်ခုရဲ့ ထုတ်လွှင့်မှုအစီအစဉ်ရေးဆွဲတဲ့ဌာနမှာ ကေဘယ်တီဗွီ ခေတ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီးတော့ ဒစ်ဂျစ်တယ်တီဗွီခေတ်ရောက်လာတဲ့အခါမှာ အလုပ်ပို များလာပေမဲ့ သူ့အတွက်အကူဝန်ထမ်းရှာပေးတာမရှိခဲ့တဲ့အပြင် ရုပ်သံလိုင်း ၂ ခုအတွက်ထုတ်လွှင့်မှုအစီ အစဉ်ကို သူ့တစ်ဦးတည်း ရေဆွဲခိုင်းပါတယ်။

သူဟာ သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်လုပ်ရလေ့ရှိပြီး ရက်သတ္တပါတ်မှာ ၆ ရက်၊ တခါတလေ ၇ ရက် အထိလုပ်ပေးရတဲ့အတွက် ရေရှည်မှာ ခန္ဓာကိုယ်အားနည်းလာပြီး ရောဂါတွေရလာပါတယ်။

နေမကောင်းလို့ ဆေးခွင့်ယူတဲ့အခါကျတော့လည်း ခွင့် ၂ ရက်တည်းယူရသေးတယ် အလုပ်ပြန်ဝင်ဖို့ ဖုန်းဆက်ခေါ်လို့ အိပ်ရာကနေကုန်းရုန်းထလာပြီး အလုပ်သွားရပြန်ပါတယ်။

ဒါဟာရုပ်သံဌာနလား ငရဲပြည်လုပ်ငန်းခွင်လားဆိုတာ မေးခွန်းထုတ်စရာပါ၊ ဒီလိုအခြေအနေမျိုးကိုကြုံ တွေ့ ရတဲ့ဘယ်သူမဆို စိတ်ရောခန္ဓာပါ ချွတ်ချုံကျမှာ သေချာပါတယ်။

နောက်ဆုံးမှာတော့ သူဟာ အလုပ်ပင်ပန်းနွယ်နယ်တဲ့ဒဏ်ကိုမခံနိုင်တဲ့အဆုံး ဖလမ် ၆ မှာ ရှိတဲ့ အလုပ်ရုံးခန်းတစ်ခုရဲ့ အလုပ်စားပွဲမှာတင် အသက်သေဆုံးသွားရှာပါတယ်။

အလုပ်ဒဏ်ကိုမခံနိုင်တော့တဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ အလုပ်စားပွဲပေါ်မှာ မှောက်လျက်သေဆုံးသွားပါ တယ်။ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူအိပ်ပျော်နေတယ်မှတ်ပြီး မနိုးရှာပါဘူး။ မနက်မိုးလင်းလို့ သန့်ရှင်းရေးအဖွားကြီးလာတွေ့တဲ့အခါကျမှ သူအသက်မရှူတော့ဘူးဆိုတာကို သိကြပါတယ်။

သူဟာ ဆေးအမြဲသောက်နေရတဲ့သူဖြစ်လို့ သူ့အလုပ်စားပွဲပေါ်မှာ ဆေးထုပ်တစ်ထုပ်ကိုအမြဲလိုလိုတွေ့ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ဆိုပါတယ်။

ခန့်ညားထည်ဝါလှတဲ့ ပီရမစ်ကြီးရဲ့အောက်မှာ တန်ဖိုးမဲ့စွာ စွန့်ပစ်ခံထားရတဲ့ ကျွန်လုပ်သားတွေရဲ့ ရုပ်လောင်းတွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ “အလုပ်ကြောင့် သေတဲ့မသာ” ရှိမရှိ ဆိုတာကိုတော့ ဆင်ခြင်တုန်းတရားရဲ့ သုံးသပ်ကြပါ။

ပလာတူး

SHARE THIS NEWS

OTHER NEWS