26 April 2024

သြဂုတ်လ ၂၂ ရက်၊ ၂၀၂၂

ထိုင််းနိုင်ငံရှိ ခရိုင်ပေါင်း ၁၂ ခုမှာ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းရာကနေ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ခရိုင် ၁၂ ခုတွင် ရေကြီးမှုနဲ့ရင်ဆိုင်နေပြီး အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

 

 

လက်ရှိအချိန်မှာ သဘာဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့ခရိုင်ပေါင်း ၂၆ ခု၊ မြို့နယ်ပေါင်း ၇၁ ခု၊ ကျေးရွာပေါင်း ၅၈၃ ရွာ၊ အိမ်ထောင်စုပေါင်း ၁၃,၅၃၂ အိမ်ရှိနေပြီး၊ ရေကြီးမှုဆိုးဆိုးရွားရွားနဲ့ရင်ဆိုင်နေရတဲ့ခရိုင်ကတော့ ၁၂ ခုရှိတယ်လို့ သိရပါတယ်။

 

 

သဘာဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့ခရိုင်တွေကတော့ ချင်းရိုင်း၊ လန်းပန်း၊ မယ့်ဟောင်းဆောင်၊ ဖိစနုလို့ခ်၊ ဖေ့ချ်ဘွန်၊ ဖယောင်၊ နာမ့်၊ ဖရယ့်၊ အုတရာဒစ်၊ ဖိကျိ၊ လန်းပွန်း၊ တာ့ခ်၊ နခွန်စဝမ်၊ မဟာစရခမ်၊ ခွန်ကင်၊ ချိုင်ယဖူး၊ စီစကက်၊ မုဒါဟန်၊ ဘွန်ကန်၊ ယစိုထောင်း၊ အုဘွန်ရာ့ချ်ဌာနီ၊ အုတရာဒစ်၊ ပါရာကျင်ဘူရီ၊ ဆာကယောက်၊ အယုထရာနှင့် အန်ထောင်းခရိုင်များဖြစ်ပါတယ်။

 

 

ရေကြီးနေတဲ့ခရိုင်ပေါင်း ၁၂ ခုကတော့ ဖေ့ချ်ဘွန်၊ အုတရာဒစ်၊ ဖရယ့်၊ ဖိစနုလို့ခ်၊ ဖယောင်၊ နာမ့်၊ အုဘွန်ရာ့ချ်ဌာနီ၊ ခွန်ကင်၊ အုဒွန်ဌာနီ၊ ပါရာကျင်ဘူရီ၊ အယုထရာနှင့် အန်ထောင်းခရိုင်များဖြစ်ပါတယ်။

 

 

သဘာဝဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့ ပြည်သူများအနေနဲ့ အရေးပေါ်အကူများလို့အပ်လာပါက ဟော့ခ်နံပါတ် ၁၇၈၄ ကို ၂၄ နာရီဆက်သွယ်နိုင်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – MGR

SHARE THIS NEWS

OTHER NEWS