26 April 2024

ဇူလိုင် ၂၁ ရက်၊ ၂၀၂၂

ရေခဲစက်ရုံမှာလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး စီးလာတဲ့ကား ရေစီးသန်တဲ့နေရာကိုဖြတ်မောင်းလို့ လမ်းဘေးကရေမြောင်းထဲကျသွားပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက် ရေထဲမျောပါ ပျောက်ဆုံးနေပါတယ်။

ဒီကနေ့မနက်မှာ အသက် ၄၁ ထိုင်းကားသမားနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက် ဘန်ဘွန်မြို့ (Ban Bueng) သို့ရေခဲသွားရောက်ပို့ဆောင်ရန်လာတဲ့လမ်းမှာ ညတုန်းကမိုးသည်းထန်စွာရွာသွန်းထားတာကြောင့် ကားလမ်းမပေါ်ရေကျော်ပြီးစီးဆင်းနေတဲ့နေရာကိုဖြတ်မောင်းကြိုးစားနေတုန်းမှာ ရေစီးအားကြောင့် ကားတစ်စီးလုံးလမ်းဘေးကရေစီးသန်တဲ့နေရာကိုကျသွားခဲ့ပါတယ်။

ကားသမားက “ကားမောင်းလာတုန်းက ကျနော်ကမှန်တွေဖွင့်ထားတော့ ရေထဲကျသွားတာနဲ့ကျနော်ကထွက်လို့ရတယ်။ ရေစီးအားကြောင့် တော်တော်ဝေးတဲ့နေရာကိုမျောသွားတယ်။ အဲဒီနောက်မြက်ပင်တွေကိုကိုင်ပြီးဖြည်းဖြည်းတက်လာခဲ့ရတယ်။ ကျနော်တဲ့အတူပါလာတဲ့ မြန်မာ ၂ ယောက်ကတော့ ကားထဲမှာပိတ်မိနေတယ်” လို့အသက်ဘေးကလွတ်မြောက်လာတဲ့ အသက် ၄၁ နှစ် ကားဒရိုင်ဘာကပြောပါတယ်။

အခင်းဖြစ်တဲ့နေရာက မူ ၁၀ Khao Khan Song ကျေးရွာအုပ်စု၊ စီရာချာမြို့နယ် ချွန်ဘူရီခရိုင် ထိုင်းနိုင်ငံမှာဖြစ်ပါတယ်။ ကားပြုတ်ကျတဲ့နေရာကို ကယ်ဆယ်ရေးသမားတွေရောက်လာပြီး ကားကိုဆွဲတင်ကာ ကားပေါ်မှာပိတ်မိနေတဲ့မြန်မာ ၂ ယောက်ကို မတွေ့ရှိိခဲ့ပါ။

ထိုကြောင့် ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက်ကိုရေငုပ်ပြီးဆက်လက်ရှာဖွေမှုတွေလုပ်နေပါတယ်။ ခန့်မှန်းချက်အရ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက် ပိတ်မိနေတဲ့နေရာကနေထွက်သွားပြီး ရေစီးအားကြောင့် မျောသွားလို့ ရှာလို့မတွေ့တာဖြစ်နိုင်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ ” ဓါတ်ပုံ – ข่าวสารชลบุรี-ระยอง

SHARE THIS NEWS

OTHER NEWS