27 April 2024

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဘန်ပူမြို့နယ်မှာ မြန်မာလုပ်သား ၃၀၀ ကျော်ဆီကငွေတွေကို မြန်မာလင်မယားနှစ်ဦးကလိမ်လည်ပြီးထွက်ပြေးနေတယ်လို့ သိရပါတယ်။

လိမ်သွားတဲ့ငွေတွေက ဘတ် ၂ သန်းလောက်ရှိပြီး၊ လွန်ခဲ့တဲ့မေလကဖြစ်ပွားခဲ့တာပါ။ ငွေလိမ်လည်ပြီးထွက်ပြေးနေတဲ့ မြန်မာလင်မယားနှစ်ဦးမှာ မြန်မာပြည်ဘက်ကိုထွက်ပြေးသွားတယ်ဟု RFA ကဖော်ပြထားပါတယ်။

အလုပ်သမား ၃၀၀ ကျော်ဆီကငွေတွေကို လိမ်သွားသူက အများခေါ် ဘာဘူနဲ့မပုတို့ဖြစ်ကြပြီး၊ ဘန်ပူမြို့နယ်ရှိ ရပ်ကွက်တစ်ခုမှာ ကာလရှည်ကြာနေထိုင်ပြီး အလုပ်ပွဲစားလုပ်ခဲ့ကြသူတွေဖြစ်တဲ့အတွက် ယုံကြည်ပြီး အလုပ်သွင်းပေးခနဲ့ အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားရရှိဖို့ အခုလို ငွေအမြောက်အမြားကို ပေးအပ်ခဲ့ပြီးနောက် လိမ်ပြီးထွက်ပြေးနေသွားတာဟု ဖော်ပြချက်အရသိရပါတယ်။

ဘာဘူနဲ့မပု တို့လင်မယားနှစ်ဦးဟာ မခိုင်ဆီက ဘတ်ငွေ ၇ သောင်းကျော်လိမ်သွားတယ်။ ပြီးတော့ အလုပ်သမား ၉ ယောက်စာပေးလိုက်တဲ့ စရံငွေ ၈၁၀၀၀ ထောင်နဲ့ ဒေါ်ဝိုင်းကြည် ကလဲ ၂ သိန်းနီးပါး အလိမ်ခံလိုက်ရတယ်လို့သိရပါတယ်။

ပြီးတော့ မယဉ်ယဉ်ထွေး ဆီမှာတော့ ၈ သောင်းပါသွားတဲ့အပြင် အခြားသူတွေလဲ အလိမ်ခံရတယ်လို့ သိရပါတယ်။ ငွေအလိမ်ခံရတဲ့သူတွေဟာ အခုမှမြန်မာပြည်က ထိုင်းကိုစတက်တာဖြစ်တဲ့အတွက် လက်ထဲမှာ ပိုက်ဆံမရှိတဲ့အပြင် ခြံလေးတွေကိုရောင်းချပြီးတော့ တက်လာကြတာဟု သိရပါတယ်။

လက်ရှိအလိမ်ခံရတဲ့သူတွေဟာ အလုပ်လည်းမရ ပိုက်ဆံတွေလည်း ဆုံးရှုံးရတဲ့အတွက်ဒုက္ခတွေရောက်နေကြပါတယ်။ လိမ်သွားတဲ့သူတွေကတော့ အဲဒီပိုက်ဆံတွေနဲ့ ၁၄၅ သိန်းကျော်ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးဝယ်တဲ့အပြင် အိမ်လဲပြင်ထားပါတယ်။

ဝါဆိုလပြည့်နေ့က သူတို့အိမ်မှာ ဝါဆိုသင်္ကန်းတွေကပ်ပြီး အလှူအတန်းတွေပျော်ပျော်ကြီးလုပ်နေကြတယ်လို့ အလိမ်ခံရတဲ့သူတွေပြောဆိုချက်အရသိရပါတယ်။

လိမ်လည်ထွက်ပြေးသူတွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံစုံစမ်းချိန်မှာ တရားခံတွေဟာ ထိုင်းနိုင်ငံမှာ မရှိတော့တဲ့အတွက် ဘာမှအရေးယူနိုင်ခြင်း မရှိဘူးလို့ လူမှုရေးဆောင်ရွက်သူ KTJ အဖွဲ့ခေါင်းဆောင် ကိုဝင်းထွေး က ပြောပါတယ်။

Ref: RFA

SHARE THIS NEWS

OTHER NEWS