9 May 2024

နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၂

.

နိုဝင်ဘာလ ၁၄ ရက်နေ့က ကားမောက်မှုမှာ မြန်မာအမျိုးသား တစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက အခင်းဖြစ်တဲ့နေရာတွင် သေဆုံးသွားပါတယ်။ ထိုင်းနိုင်ငံ ဖေ့ချ်ဘူရီခရိုင် ခေါင်ရွဲမြို့နယ် အမြန်လမ်းမပေါ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခန့် ကားမောက်မှုဖြစ်ပွားခဲ့ပါတယ်။

 

 

ကားမောက်တဲ့နေရာက နောင်ပလုံကျေးရွာအုပ်စု၊ ခေါင်ရွဲမြို့နယ် ဖေ့ချ်ဘူရီခရိုင် မိုင်တိုင်အမှတ် ၁၄၅-၄၀၀ နားမှာဖြစ်ပါတယ်။ ကားတိမ်းမောက်တဲ့နေရာတွင် အမျိုးသားတစ်ဦးက ပိတ်မိနေ၍ မိနစ် ၂၀ အကြာ ကယ်ဆယ်ရေးသမားတွေက ကြိုးစာဆွဲထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

 

 

အခင်းဖြစ်တဲ့နေရာနားမှာတော့ အမျိုးသမီးအလောင်း ၂ လောင်းကိုတွေ့ရပြီး၊ သူတို့တွေက မထက်ထက်ထွန်း အသက် ၂၇ နှစ်နဲ့ မမျိုးမျိုးစန်း အသက် ၂၉ နှစ် ဆိုသူတွေပါ။ အမျိုးသားဖြစ်တဲ့ ထက်ဝေဟိန်း အသက် ၃၂ နှစ်မှာ အခင်းဖြစ်တဲ့နေရာတွင် အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ဆေးရုံပို့သွားတဲ့လမ်းမှာပင် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ဆုံးပါးသွားပါတယ်။

 

 

ကားမောက်ရတဲ့အကြောင်းမှာ တစ်နာရီ ၁၂၅ ကီလိုမီတာမောင်းလာလို့ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးရှိဓါတ်တိုင်နဲ့ဝင်တိုက်ပြီး ကားမှာချာလပတ်လည်သွားတဲ့အပြင် ထိုင်းတစ်ဦးရဲ့ကားကိုလဲ ဝင်တိုက်ခဲ့သေးကြောင်း သိရပါတယ်။ ဝင်တိုက်ခံရတဲ့ကားမှာ ပျက်စီးသွားပေမယ့် လူကဘာမှမဖြစ်ဘူးလို့ သိရပါတယ်။

 

မြန်မာတွေစီးလာတဲ့ကားမှာ မီးခိုးရောင် ချက်ဗလက်ကားဖြစ်ပြီး၊ ကားတစ်စီးလုံးလဲ အဲဒီတိမ်းမောက်တဲ့နေရာမှာပင် ကြေမွပျက်စီးခဲ့ရပါတယ်။ ခေါင်ရွဲ ရဲစခန်းက ရဲတပ်ဖွဲ့တွေက ဒီလူ ၃ ယောက်ဟာ ဘယ်ကနေ ဘယ်ကိုလာပြီး ဘာကြောင့် ဒီလောက်အမြန်မောင်းနှင်ရသလဲဆိုတာ စုံစမ်းနေကြောင်း သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS