27 April 2024

ဘတ် ၅၀၀ သန်းကျော်အပါအဝင် ကွယ်လွန်သူကချင်အမျိုးသားကောင်စီဥက္ကဋ္ဌ လာရော် ဘွမ်ဝမ်ပိုင်ဆိုင်သော မြေကွက် ၁၅၀ ဧကကျော်ကို လွှဲပြောင်းပေးရန် တရားဝင်ထိမ်းမြားလက်ထပ်ထားခြင်း မရှိသူ ထိုင်းအမျိုးသမီးတစ်ဦးက ထိုင်းအာဏာပိုင်ထံ လျှောက်ထား။

ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် အင်္ဂလန်မှာဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားသူ ကချင်အမျိုးသားကောင်စီဥက္ကဋ္ဌ လာရော် ဘွမ်ဝမ်၏ ပိုင်ဆိုင်မှုများကို မိမိထံလွှဲပြောင်းပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးရန် ချင်းမိုင်ခရိုင်၊ မယ်ရင်မြို့နယ်တွင်နေထိုင်သူ အသက် ၃၀ နှစ်အရွယ် ဖိုင်လင် က ယမန်နေ့တွင် ချင်းမိုင်ရှိ တရားမျှတရေးစင်တာထံ ရှေ့နေတစ်ဦးနှင့်အတူ လာရောက်လျှောက်ထားခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။

သူမသည် လာရော်နှင့်တရားဝင်လက်ထပ်ထိမ်းမြားထားခြင်းမရှိသော်လည်း ၂၀၁၀ ခုနှစ်ကစပြီး အကြင်လင်မယားအဖြစ်အတူနေထိုင်ခဲ့ကာ အသက် ၄ နှစ်သာသာ သားတစ်ဦးထွန်းကားခဲ့သည်ဟု (၇) လ ကိုယ်ဝန်လွယ်ထားသူ ထိုင်းအမျိုးသမီးက ဆိုသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် လုံခြုံရေးဆိုင်ရာအစည်းအဝေးတက်ရောက်ရန်အတွက် ခင်ပွန်းဖြစ်သူက အင်္ဂလန်သို့ထွက်ခွာသွားပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံရ၍ ဆေးကုသမှုခံယူခဲ့ပြီးယင်းကာလတလျှောက် Video Call ဖြင့်စကားပြောဖြစ်သည်ဟု ဆိုသည်။

ထို့နောက် အဆက်အသွယ်ပြတ်သွားပြီး လာရော်ကွယ်လွန်သည့်သတင်းကို Kachin National Organization နှင့် BBC Burmese သတင်းဌာနတို့ကတဆင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့တွင် သိရှိခဲ့ရသည်ဟု ဆိုသည်။

 

 

လတ်တလောတွင် စုထားသည့်ငွေများကိုထုတ်သုံးရာ ကုန်လုနီးပါဖြစ်နေပြီး ၄ နှစ်သားနှင့်မကြာမီကမ္ဘာကြီးကိုထွက်ကြည့်ခွင့်ရတော့မည့်ရင်သွေးအတွက် ငွေလိုအပ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ခင်ပွန်းကွယ်လွန်သည့်အထောက်အထားကိုတောင်းယူပေးရန်နှင့်နိုင်ငံအသီးသီးရှိ ခင်ပွန်းဖြစ်သူ၏ပိုင်ဆိုင်မှုများကို သားသမီးထံလွှဲပြောင်းပေးရေးအတွက် ကူညီဆောင်ရွက်ပေးရန် ချင်းမိုင်ရှိ တရားမျှတရေးစင်တာထံ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကနဦးတွင် လော်ရာသည် တရုတ်နှင့်ဟောင်ကောင်တွင် လက်ဝတ်ရတနာဆိုင်ဖွင့်ထားပြီး အင်္ဂလန် တွင် နေအိမ်အပါအဝင် ဘဏ်တွင်အပ်နှံထားသောငွေပမာဏ ဘတ်သန်း ၅၀၀ ကျော်ရှိသည့်အပြင် အိန္ဒိယတွင် စက်သုံးဆီဆိုင် ၁ ဆိုင်၊ ထိုင်းနိုင်ငံတွင် မြေ ၁၅၀ ဧကကျော်ပိုင်ဆိုင်သည်ဟု သိရသည်။

သတင်း ပလာတူး

SHARE THIS NEWS

OTHER NEWS