12 May 2024

တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချနေသည့် မြန်မာဖရဲသီးများမှာ ပွဲစားနဲ့ တဆင့် ထပ်ရောင်းပေးနေရတော့ ဖရဲသီးခြံပိုင်ရှင်များအတွက် အရှုံးပေါ်နေတယ်လို့ SHAN News ကဖော်ပြထားပါတယ်။

ယခုနှစ် ဖရဲသီးများဟာ ဈေးကျသည့်အပြင် တရုတ်ဘက်သို့ တင်ပို့သော်လည်း လမ်းမှာ အခွန်များပေးဆောင်နေရသေးတာကြောင့် အမြတ်မရှိတော့ဘဲ အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလမှ စပြီး တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ပြန်ဖွင့်ပေးခဲ့ပေမယ့် ဖရဲသီးများမှာ အချို့တဝက်မှာပုတ်သိုးနေပြီး၊ အမှည့်လွန်တာလဲရှိနေတာကြောင့် အမြောက်အများ ရှုံးနေတယ်လို့း မူဆယ်မြို့ ဖရဲပွဲရုံက ဆိုပါတယ်။

လက်ရှိတွင်လဲ တရုတ်နိုင်ငံဘက်တွင် ကိုဗစ် တစ်ဖန် ပြန်မြင့်တက်လာတဲ့ အခြေနေရှိသည့်အတွက်ကြောင့် ဝယ်ယူသူများလည်း နည်းနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ အရင်နှစ်တုန်းကဆိုရင် ဖရဲသီး တစ်ကီလိုကို ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ် ဝန်းကျင်ရှိပြီး ဒီနှစ်မှာတော့ တစ်ကီလိုကို ၅၀၀ ကျပ် ဝန်းကျင်သာ ရရှိတယ်ဟု ဆိုပါတယ်။

Ref: SHAN News

SHARE THIS NEWS

OTHER NEWS