28 April 2024

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၂

ဗီယက်နမ်နိုင်ငံကနေ ထိုင်းကိုပြန်ဝင်လာတဲ့ အလှမယ် ဟန်လေး ကို ထိုင်းလဝက ဘက်က ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက်လောက် ဗီယက်နမ်နိုင်ငံသို့ ဗီဇာကိစ္စဖြင့်သွား ရောက်ခဲ့ပြီး၊ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန် သုဝဏ္ဏဘူမိလေဆိပ် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့က သူ့ကိုထိန်းသိမ်ထားပြီး အဲဒီညက လေဆိပ်ရဲ့ အချုပ်ထဲမှာအိပ်ခဲ့ရတယ်လို့ ဟန်လေး ကပြောပါတယ်။

“ကျွန်မ ထိုင်းကို အဝင်မှာ လေဆိပ်က အင်မီဂရေးရှင်းမှာ ကျွန်မပတ်စ်ပို့ကို သိမ်းပါတယ်။ ကျွန်မရဲ့ပတ်ပို့စ်ကို ပျောက်ဆုံးအနေနဲ့ လျှောက်ထားတယ်ဆိုပြီး ဗီယက်နမ်ဘက်ကိုလည်း သတင်းပို့ထားတယ်လို့ပြောပါတယ်။ ပြီးတော့ ကျွန်မဟာ မြန်မာမှာ ရာဇဝတ်မှုကျူးလွန်ထားတယ်ဆိုပြီး အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ရဲ့အလိုရှိစာရင်းအနီရောင်လစ်စ်ထဲပါနေတယ်ဆိုပြီး ဖမ်းထားတယ်။ အဲဒီနောက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ လုပ်ကြပါတယ်” အင်တာဗျူးမှာ ဟန်လေး ကပြောသွားပါတယ်။

ဖမ်းဆီးခံခဲ့ရပြီးနောက် ဟန်လေး က UNHCR ထံ အကူအညီတောင်းခံတယ်။ သူ့ရဲ့လူမှုကွန်ရက်ပေါ်နေပြီး အရေးပေါ်အကူညီတွေလိုအပ်နေတယ် ကူညီပါလို့ ပို့တ်တင်ထားပါတယ်။

အဲဒီနောက် စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းအချိန်လောက်မှာတော့ မြန်မာကို ပြန်ပို့ဖို့ဆိုတဲ့ အခြေအနေကနေ ကျော်လာခဲ့ပါပြီ။ ထိုင်းမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဟန်လေးကို ကူညီပေးသလို UNHCR ကိုဆက်သွယ်တော့ ချက်ချင်းပဲ လိုက်လာပြီး အကူအညီတွေပေးခဲ့တယ်လို့ သိရပါတယ်။

အကူညီတွေမရင်ခင်မှာ ထိုင်းဘက်က ဗီယက်နမ်ကိုပြန်ဖို့လေယာဥ်ပေါ်တက်ခိုင်းတယ်။ ဟန်လေးက မတက်ဘူးလို့ ငြင်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်နိုင်ငံပြန်သွားပြီး၊ ဟိုဘက်ကိုရောက်သွားရင် မြန်မာနိုင်ငံကို ချက်ချင်းပြန်ပို့ခံရနိုင်ပါတယ်။

ဒါကြောင့် လေယာဥ်ပေါ်ကို မတက်ဘဲ ထိုင်းမှာပဲ သူတို့ထားတဲ့နေရာမှာနေတယ်။ အချုပ်ကျသလိုနေတာတော့မဟုတ်ဘူး လွတ်လွတ်လပ်လပ်တော့ရှိတယ်လို့ ဟန်လေးက ပြောပါတယ်။

ဟန်လေးကို ပထမ ထိန်းသိမ်းထားတုန်းက လေဆိပ်ထဲမှာရှိတဲ့ အခန်းကကျဥ်းကျဥ်းလေးမှာထားတယ်။ အဲဒီမနက်မှာတော့ ကျွန်မကိုကူညီပေးနေတဲ့အဖွဲ့အစည်းတွေကြောင့်ထိန်းသိမ်းရေးအခန်းထဲကနေ လေဆိပ် international lounge ထဲ နေခွင့်ရသွားပါတယ်။

အဲဒီနေ့ရဲ့ ညဘက်မှာတော့ ဟန်လေးကို မြန်မာရဲတပ်ဖွဲ့ဘက်က ဘန်ကောက်လေဆိပ်မှာ လာရောက်တွေ့ဆုံဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကတစ်ဆင့် ဆက်သွယ်လာခဲ့ပါတယ်။

ဟန်လေးက မတွေ့နိုင်ဘူး လို့ ငြင်းဆိုခဲ့ပါတယ်။ မြန်မာဘက်က ရဲတွေ လာတွေ့မယ်လို့ဆိုတဲ့ သတင်းကိုလဲ ဟန်လေး က သူ့ဖေ့ဘွတ်ခ်ပေါ်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၃ ရက်မနက်ထိ လုံလုံခြုံခြုံဆက်ရှိနေပါတယ်။ သူငြင်းလိုက်တုန်းက ထိုင်းလဝက အရာရှိကအေးအေးဆေးဆေးပဲလက်ခံတယ်။ ဒီကနေ့မနက်အထိ လေဆိပ်ထဲက ဟိုတယ်တစ်ခုမှာ ထားပေးထားတယ်။ သူနဲ့အတူထိုင်းလဝက အရာရှိနဲ့ UNHCR က တာဝန်ရှိသူတစ်ဦး လာပြီးစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ဟန်လေးကို မြန်မာစစ်ကောင်စီက ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲထားပြီးဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – ဟန်လေး

SHARE THIS NEWS

OTHER NEWS