26 April 2024

၂၀၂၂ မတ်လ ၁၀ ရက်နေ့က ယူကရိန်းသမ္မတ ဇလန်းစကီ ရဲ့ဖိတ်ကြားချက်အရ ၃.၅ ကီလိုမီတာအကွာအဝေးမှာ ရှိတဲ့ ပစ်မှတ်ကို ခြေမှုန်းနိုင်တဲ့ ကနေဒါလက်ဖြောင့်တပ်စုမှ ကမ္ဘာ့အကောင်းဆုံးလက်ဖြောင့်စနိုက်ဘာသမား Wali ယူကရိန်းဘက်မှဝင်တိုက်ပေးရန် ယူကရိန်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ကြောင်း Independent နှင့် Mirror ဝဘ်ဆိုဒ်မှ အစီအရင် ခံပါတယ်။

သတင်းတွေအရ Wali ဟာ ပိုလန်နိုင်ငံကနေ ယူကရိန်းကို အနောက်ဘက် စစ်ပြန်အုပ်စုများနှင့်အတူ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး Wali လိုပဲ နိုင်ငံအသီးသီးက စစ်သည်တွေလည်းပဲ ယူကရိန်းဘက်က ဝင်တိုက်ပေးဖို့ ယူကရိန်းကာကွယ်ရေးတပ်ထဲ ရောက်ရှိနေခဲ့ပြီ ဖြစ်တယ်လို့သိရပါတယ်။

အချက်အလက်တွေအရ Wali ဟာ ကနေဒါခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ မှ ၂၀၁၁ ခုနှစ်အတွင်း အာဖဂန်စစ်ပွဲမှာ ပါဝင်တိုက်ခိုက် ခဲ့တဲ့ စစ်အတွေ့အကြုံရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကာဒ်တပ်ဖွဲ့ဝင် များနှင့် အတူ Wali ဟာ ISIS အဖွဲ့တွေကိုလည်း လျှို့ဝှက်ပါဝင်တိုက်ခိုက်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

 

 

၂၀၁၇ ခုနှစ်မှာတော့ Wali ဟာ McMillan Tac-50 အမျိုးအစား ရိုင်ဖယ် သေနတ်ဖြင့် ၃.၅ ကီလိုမီတာ အကွာအဝေးမှာ ရှိတဲ့ ISIS စစ်သွေးကြွတွေကို ပစ်ခတ်ခြေမှုန်းနိုင်ခဲ့ပါတယ်။ စာရင်းတွေအရ ဒါဟာ ကမ္ဘာ့အဝေးဆုံး ပစ်မှတ်ကို ပစ်ခတ် နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

စေတနာ့စစ်သားအဖြစ် ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်ပေးဖို့ Wali ဟာ သူ့ရဲ့မိသားစုကိုပစ်ပြီး ဆုံးဖြတ်ချက်ချခဲ့ တာပါ။ “ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်ပေးဖို့ အကူအညီတောင်းခံလာတာကို ကျွန်တော်သိသိခြင်းမှာ မီးသတ်တပ်ဖွဲ့က အရေးပေါ်အချက်ပြအသံနှင့် အတူ မီးသတ်သမားတစ်ဦးနိုးထလာသလိုပဲ လူသားချင်းစာနာ ထောက်ထားမှုတွေ လိုအပ်နေတဲ့ ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်ပေးဖို့ ကျွန်တော့် အကြောင်းပြချက် မရှိ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်” လို့၎င်းကဆိုပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကတော့ ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်ပေးမယ့် စေတနာ့စစ်သားတွေကို လှိုက်လှိုက်လှည်းလှည်းကြိုဆိုကြောင်း လက်ရှိမှာဆိုရင် နိုင်ငံပေါင်း ၅၂ နိုင်ငံက စစ်သားစုစုပေါင်း ၂၀,၀၀၀ ကျော်ဟာ ယူကရိန်း ကာကွယ်ရေးတပ်ဖွဲ့ထဲကိုဝင်ပြီး ပါဝင်တိုက်ခိုက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

 

Wali လို လက်ဖြောင့်သေနတ်သမားတစ်ဦးဟာ တစ်နေ့လျင် ရန်သူဦး‌ရေ ၄၀ ကျော်ကို ခြေမှုန်းနိုင်စွမ်းရှိတယ် လို့သိရပါတယ်။

Marca ဝဘ်ဆိုဒ်ကတော့ တစ်နေ့ကို ရန်သူ အနည်းဆုံး ၄-၅ ဦးခန့် ခြေမှုန်းနိုင်တဲ့ Wali နည်းတူ အမည်မဖေါ်လိုတဲ့ လက်ဖြောင့်စစ်သားတွေဟာ ယူကရိန်းဘက်က ပါဝင်တိုက်ခိုက်ပေးနေတာတွေရှိနေတယ် လို့အစီရင်ခံ‌ ရေးသားထားပါတယ်။

SHARE THIS NEWS

OTHER NEWS