27 April 2024

ဇူလိုင် ၁၉ ရက်၊ ၂၀၂၂

ထာဝရအသက်ရှင်ခြင်းတရားကိုဟောကြားသည့် ဘာသာရေးအဖွဲ့အစည်းတစ်ခုကို အလွန်အကဲ ယုံကြည်သက်ဝင်မိပြီး ရှိသမျှအကုန်လှူဒါန်းကာ ဘဝပျက်ခဲ့ရတဲ့မိခင်ဖြစ်သူကြောင့် ဂျပန်ဝန်ကြီးချုပ် ဟောင်း ရှင်ဇို အာဘေးကို လုပ်ကြံခဲ့ဟု ထွက်ဆို။

မိခင်ဖြစ်သူက ဘာသာရေးအဖွဲ့အစည်းတစ်ခုကို အလွန်အကျွံယုံကြည်သက်ဝင်မိပြီး ရှိသမျှအကုန်လှူ ဒါန်း၍ ဘဝပျက်ခဲ့ရသည်ကိုနာကျည်းစိတ်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံခဲ့သည်ဟု “ဂျပန်ပြည်ကရေးတဲ့စာ” ပေ့ချ်ကဖော်ပြထားသည်။

တဆက်တည်းတွင် “ဦးအာဘေးဝန်ကြီးချုပ်သက်တမ်းတစ်လျှောက်မှာလဲဒီဘာသာရေးဂိုဏ်းနဲ့ပတ် သက်ပြီးအရေးယူပေးဖို့အနယ်နယ်အရပ်ရပ်ခံလိုက်ရတဲ့သူတွေကတိုင်စာတွေပို့တာအရေးမယူဘဲဥပက္ခာပြုထားခဲ့တဲ့အပြင်အဲ့ဒီဂိုဏ်းရဲ့နှစ်ပတ်လည်မှာဝန်ကြီးကကြိုဆိုဝမ်းမြောက်ကြောင်းအဖွဲ့ကြီးအတွက်ဂုဏ်ယူပါကြောင်းမက်ဆေ့ကိုတရားဝင်ပို့ခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

တချိန်တည်းတွင် “လုပ်ကြံသူရဲ့အမေဖြစ်သူဟာခင်ပွန်းသေဆုံးပြီးကျန်ခဲ့တဲ့အဘိုးဖြစ်သူပိုင် မြေ ၂ ကွက် ရောင်းလှူပြီးအဖွဲ့ကိစ္စပဲလုပ်ကာကိုရီးယားသွားချီပြန်ချီလုပ်နေပါတော့တယ်။လုပ်ကြံသူရဲ့ဦးလေးဖြစ်သူကလည်း လုပ်ကြံသူ(ယမဂဝ)တို့မောင်နှမ ၃ ယောက်ငယ်ငယ်က စားစရာမရှိ မိခင်ကကိုရီးယား သွားချီ ပြန်ချီလုပ်နေလို့ သူ့ဆီမကြာခဏဖုံးဆက်ခေါ်လို့သွားခဲ့ရတယ်လို့ သတင်းဌာနတွေကိုပြောခဲ့ပါတယ်” ဟု ဆက်လက်ရေးသားထားသည်။

အလားတူ “လုပ်ကြံသူ ယမဂမိ တို့မှာအဖေက ငယ်ငယ်နဲ့ဆုံးပြီး မွေချင်းမောင်နှမ ၃ ယောက်မှာ အကို ဖြစ်သူက မိသားစုအကျပ်အတည်းကြောင့်သေကြောင်းကြံဆုံးပါးခဲ့ပြီး သူထက် ၃ နှစ်ငယ်တဲ့ညီမ တဦး ရှိခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ထို့နောက် “အဖေဘက်ကအဖိုးဖြစ်သူလုပ်ငန်းကို အဖေနဲ့အဖိုးလုပ်သူသေဆုံးပြီးအမေက လုပ်ငန်းတွေ ဦးစီးခဲ့ ပေမယ့်အားလုံးရောင်းချ ကာ အထက်ပါအဖွဲ့အစည်းကိုလှူကာ အဖွဲ့ဝင်အဖြစ်လုပ်ကာ မိသားစု ကိုပြန်မကြည့်ခဲ့လို့ ယမဂမိ က အဆိုပါအဖွဲ့အစည်းကို အငြိုးထားခြင်းဖြစ်ပါတယ်” ဟု ဖော်ပြထား သည်။

ကိုရီးယားမှလာရောက်ပြန့်ပွားသော အဆိုပါဘာသာကို ဂျပန်လူမျိုးတော်တော်များများက ယုံကြည်ကြ ပြီး ယင်းဘာသာကို ကိုးကွယ်လျှင် ငရဲလွတ်ခြင်း သေခြင်းတရားမှလွတ်ခြင်း များများလှူလျင် ကုသိုလ်ပို ရပြီး ထာဝရရှင်သန်နေမည်ဟု ဟောပြောပြီးအလှူခံကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင် အဆိုပါဘာသာရေးဂိုဏ်းကြောင့် ဘဝပျက်ခဲ့ရသောမိသားစုတော်တော်များများရှိကြပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းထံ တိုင်တန်းသော်လည်း မည်သည့်ဌာနကမှ အရေးတယူဆောင်ရွက် ပေးခြင်းမရှိဟု ရေးသားထားသည်။

မိခင်ဖြစ်သူ၏ဘာသာရေးရူးသွပ်မှုကြောင့် ငယ်စဉ်ကတည်းက ဆင်းရဲနွမ်းပါးသွားကြီးပြင်းခဲ့ရသော သံသယတရားခံသည် ဘာသာရေးဂိုဏ်းချုပ်ကို လုပ်ကြံရန် အမြဲလိုလိုအခွင့်အရေးရှာကြံနေခဲ့ပြီး နောက်ဆုံးတွင် အဆိုပါဂိုဏ်းကို ထောက်ခံမှုပေးခဲ့သည့် ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံလိုက်ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

“The Family Federation for World Peace and Unification, widely known as the Unification Church or Unificationism” ဟု အမည်ပေးထားသော အဆိုပါဘာသာရေးဂိုဏ်းသည် ကိုရီးယားတွင် ၁၉၅၄ ခုနှစ်ကပေါ်ပေါက်ခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် ရှင်ဇိုအာဘေး ၏အဖိုးဖြစ်သူ ဝန်ကြီးချုပ်၏ခွင့်ပြုချက် ဖြင့် ဂျပန်နိုင်ငံသို့ရောက်ရှိလာခဲ့သည်။

ဂိုဏ်အဖွဲ့ဝင်များသည် ကျမ်းစာအုပ် ၁ အုပ်ကို ယန်း ၃ သောင်း ၃ ထောင်ဖြင့်ဝယ်သူကြရသည်ဟု ဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS