26 April 2024

 

စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၂

ငါးရက်အတွင်း တိုက်ပွဲပြင်းနေတဲ့ မိုးဗြဲတိုက်ပွဲတွင် နေအိမ်တွေမှာ လက်နက်ကြီးထိမှန်ပြီး ရာနဲ့ချီပျက်စီးရှုံးဆုံးမှုတွေရှိနေတယ်လို PKPF ကသတင်းထုတ်ပြန်ပါတယ်။

 

 

တိုက်ပွဲဖြစ်ပွားတဲ့ ပထမရက်မှာ မိုးဗြဲမြို့ရှိ ပွဲကုန်း (၁) ရပ်ကွက်၊ (၂) ရပ်ကွက် (၃) ရပ်ကွက်အတွင်းနေအိမ်ပေါင်း ၄၀ ခန့်ပျက်စီးသွားတယ်။ ယနေ့ ၅ ရက်နေ့မြောက်တွင် နေအိမ်တွေ ရာနဲ့ချီ လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုတွေရှိနေတယ်ဟု ထုတ်ပြန်အချက်အရ သိရပါတယ်။

 

 

လက်ရှိတွင် စစ်ကောင်စီတပ်များက မိုးဗြဲရှိ ဘုရားကျောင်းတွင် တပ်ဆက်စွဲထားတဲ့အတွက် ပြည်သူများ မိုးဗြဲ-ဖယ်ခုံလမ်းကို အသုံးမပြုကြရန် မေတ္တာရပ်ခံထားရပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ-PKPF

SHARE THIS NEWS

OTHER NEWS