10 May 2024

စမွတ်ဆာခွန်ခရိုင် ကရာထွန့်ဘန်းမြို့နယ်တွင် တရားမဝင်မြန်မာ ၁၀ ဦးဖမ်းဆီးခံရ။

မြို့တော်ဗန်ကောက် အနောက်တောင်ဘက်ရှိ စမွတ်ဆာခွန်ခရိုင်၊ ကရာထွန့်ဘန်းမြို့နယ်၊ ဒွန်ကိုင်ဒီကျေးရွာအုပ်စု၊ မူ-၁၊ စူခွန်ထဝစ်လမ်းသွယ်၊ အမှတ် ၂၁/၁ တွင်တည်ရှိသော O.K.K N Wood စက်ရုံတွင်တရားမဝင်မြန်မာလုပ်သားတချို့လုပ်ကိုင်နေသည်ဟု သတင်းရရှိပြီးနောက် စမွတ်ဆာခွန်ခရိုင်ပြည်တွင်းလုံခြုံရေးကွပ်ကဲရေးဌာနကဦးဆောင်ပြီး ခရိုင်အလုပ်အကိုင်ရှာဖွေရေးတာဝန်ခံ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးတာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတာဝန်ခံ၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်တာဝန်ခံများပါဝင်သည့်အဖွဲ့စုံပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ထိုင်းပြည်တွင်းလုံခြုံရေးကွပ်ကဲရေးပြန်ကြားရေးဌာနလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

 

ထိုသို့ ဝင်ရောက်စစ်ဆေးရာတွင် မြန်မာနိုင်ငံသား ၁၂ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁ ဦး) တွေ့ရှိရသည့်အနက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသာ အထောက်အထားပြနိုင်ပြီး ကျန် ၁၀ ဦးမှာ မည် သည့်အထောက်အထားတစ်စုံတစ်ရာမှ ပြနိုင်ခြင်းမရှိဟု ရေးသားထားသည်။

ဖမ်းဆီးရမိသည့်မြန်မာနိုင်ငံသားများကို နိုင်ငံခြားလုပ်သားစီမံအုပ်ချုပ်ရေးထုတ်ပြန်ချက် ဘီအီး ၂၅၆၁ ပုဒ်မ ၈ အပါအဝင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမိန့် ဘီအီး ၂၅၂၂ ပုဒ်မ ၈၁ အရ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့်ပြစ်မှုဖြင့် စွဲချက်တင်ထားသည်ဟု ဆက်လက်ဖော်ပြထားသည်။

 

အလားတူ စက်ရုံဦးဆောင်ညွှန်ကြားရေးမှူးကိုလည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအက်ဉပဒေ ဘီအီး ၂၅၂၂ ပုဒ်မ ၆၄ အရ တရားမဝင်လုပ်သားများကိုနေရာထိုင်ခင်းစီစဉ်ပေးမှု၊ ဖုံးကွယ်ပေးမှု၊ အကူအညီပေးမှု၊ အ

လုပ်ခန့်ထားမှု စသည့်စွဲချက်များဖြင့် ရဲစခန်းသို့ဆင့်ခေါ်ပြီး ခံဝန်လက်မှတ်ထိုးစေသည်ဟု သိရသည်။

ဖမ်းဆီးခံမြန်မာလုပ်သား ၁၀ ဦးစလုံးကို တရားဉပဒေအရအရေးယူဆောင်ရွက်နိုင်ရန် ကရာထွန့်ဘန်းမြို့နယ်ရဲစခန်းသို့ခေါ်ဆောင်သွားပြီး စုံစမ်းစစ်ဆေးရေးအရာရှိထံအပ်နှံထားသည်ဟု ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS