3 May 2024

ချစ်သူများနေ့ (Valentine’s Day) အထိမ်းအမှတ်အနေဖြင့် မြို့တော်ဗန်ကောက်၊ ဘန်ခွန်း ထီယန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လိင်တူချစ်သူ (LGBTQ) များကို အတူပေါင်းသင်းနေထိုင်ခြင်း စာချုပ် ချုပ်ဆိုပွဲကျင်းပပေး။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်မြဲဖြစ်သော ချစ်သူများနေ့ (Valentine’s Day) အထိမ်းအမှတ်အနေဖြင့် မြို့တော်ဗန်ကောက်၊ ဘန်ခွန်းထီယန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဖလမ်ဆောင် လမ်းရှိ Bright အဆောက်အဉီးတွင် လိင်တူချစ်သူစုံတွဲများ (LGBTQ) ကို အတူပေါင်းသင်းနေထိုင်ခြင်း စာချုပ် ချုပ်ဆိုပွဲကျင်းပပေးနေသည်ဟု ရုံး၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါစာချုပ်သည် ထိုင်းဉပဒေအရ တစ်စုံတစ်ရာသက်ရောက်ခြင်းမရှိသော်လည်း အနာဂတ်တွင်ထွက်ပါ်လာနိုင်သည့်လိင်တူထိမ်းမြားလက်ထပ်ခြင်းဉပဒေအတွက် တွန်းအားတစ်ခုဖြစ်စေမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ကဆိုသည်။

 

 

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS