3 May 2024

ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင် စမီလာကမ်းခြေတွင် ခုံးကောင်အစုလိုက်အပြုံလိုက် တွေ့ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း၊ စုန်ခလာခရိုင်၊ စမီလာကမ်းခြေတွင် ခုံးကောင်အစုလိုက်အပြုံလိုက်တွေ့ရှိသည်ဟု Hongsanart Prachakittikul အကောင့်ပိုင်ရှင်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဓာတ်ပုံနှင့်တကွပို့စ်တင်ခဲ့သည်။

 

 

ယင်းဓာတ်ပုံများ အွန်လိုင်းပေါ်ပျံ့နှံ့သွားပြီးနောက် လူထုစိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ကမ်းခြေနှင့်အဏ္ဏဝါအရင်းအမြစ်ဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့သည်။

 

 

ယင်းခုံးကောင်များသည် Perna viridis (Linnaeus, 1758) မျိုးစိတ်ဖြစ်ပြီး အလျား ၂.၂ စင်တီမီတာ၊ အနံ ၁.၃ စင်တီမီတာ၊ အသက် ၂ လခန့်ရှိသည်ဟု ဆိုသည်။

 

 

အဆိုပါကမ်းခြေတဝိုက်ရှိ ခုံးကောင်များသည် တစ်နှစ်ပတ်လုံးဉချလေ့ရှိပြီး မတ်လမှမေလ နှင့်အောက်တိုဘာလမှဒီဇင်ဘာလကာလများတွင် အများဆုံးဉချသည်ဟု ဖော်ပြထားသည်။

 

 

ခုံးကောင်တွေ့ရှိသည့်ကမ်းခြေတလျောက်ရှိ ပင်လယ်ရေကိုနမူနာယူပြီးစစ်ဆေးချက်အရ အငံဓာတ် ၃၁.၂ ပီပီတာ၊ အပူချိန် ၂၈.၉ ဒီဂရီ စင်တီဂရိတ်၊ အောက်ဆီဂျင် ၆.၄၉ မီလီဂရမ်/လီတာ၊ Ph ညွှန်းကိန်း ၉.၀၂ ရှိ၍ ခုံးကောင်များရှင်သန်ရန် အထောက်အကူပြုသည်ဟု ထုတ်ပြန်သည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS