29 April 2024

တောင်ကိုရီးယား ကေပေါ့ပ် အဆိုတော်အဖွဲ့ Blackpink ရဲ့အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lisa ဟာ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့မွေးနေ့ကို မိသားစုနှင့်အတူ ဖြတ်သန်းရန် ၂၀၂၂ မတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။

Lisa ဟာ ထိုင်းနိုင်ငံ ကို ရောက်ရောက်ချင်းမှာပဲ မူကထ ဝင်စားခဲ့ပါတယ်။ လက်ရှိမှာ Lisa အားပေး ခဲ့တဲ့ မူကထ ဆိုင်ဟာ Customer တွေ လက်ခံမနိုင်တော့ လောက်အောင် ကြိတ်ကြိတ်တိုး ရောင်းအားတွေ ညတွင်းချင်း တစ်ရှိန်ထိုး တက်ခဲ့တယ် လို့သိရပါတယ်။

“ကျွန်မဆိုင်ကို Lisa လာမစားခင် ၁ ရက်အလိုမှာ ဆိုင်မှာ နာမည်ကြီးအဆိုတော် တစ်ဦးစားဖို့အတွက် Private အခန်းတစ်ခန်းစီစဉ်ပေးပါ လူတစ်ဦးဖုန်းဆက်လာတယ်။ Lisa လာစားမယ်လို့ လုံးဝ မထင်ခဲ့တာပါ ကျွန်မဆိုင်ကို Lisa လာပြီး အားပေးတဲ့အတွက် ကျေးဇူးလည်းအရမ်းတင်တယ် အရမ်းကိုလည်းဝမ်းသာ ပီတိဖြစ်ရတယ်” လို့ဆိုင်ရှင်က ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီမူကထဆိုင်ကို ဖုန်းဆက်ပြီး Lisa လာစားသွားတာ တစ်ကယ်ဟုတ်မဟုတ်နှင့် ဆိုင်လိပ်စာကို ဖုန်းဆက်မေးမြန်းသူတွေအမြောက်အများရှိခဲ့တယ်လို့သိရပါတယ်။

ဆိုင်လိပ်စာ – https://www.google.com/maps/dir/13.813289,100.5633786/13.8160679,100.6001549/@13.8170451,100.5926632,16z/data=!4m4!4m3!1m1!4e1!1m0

SHARE THIS NEWS

OTHER NEWS