2 May 2024

ယနေ့ (၂၂-၃-၂၀၂၂) မနက်တွင် ဗန်ကောက်အခြေစိုက်မြန်မာသံရုံး၌ စာအုပ်သက်တမ်းသွားရောက်တိုးမြှင့်သူများ မေလရက်ချိန်းရရှိ။

ဗန်ကောက်အခြေစိုက်မြန်မာသံရုံးမှ အွန်လိုင်းခယူးယူသည့်စနစ်ကိုဖျက်သိမ်းပြီး ဖုန်း သို့မဟုတ် လူကိုယ်တိုင်သွားရောက်တန်းစီပြီး ရက်ချိန်းယူရသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပြီးနောက် ထိုင်းရောက်မြန်မာလုပ်သားများက မနက်မိုးမလင်းမီကတည်းကသံရုံးရှေ့တွင်သွားရောက်တန်းစီနေကြပြီး ရက်ချိန်းယူနေကြသည်ဟု သိရသည်။

ရက်ချိန်းဖြင့်ရောက်လာသူများကိုနေ့ချင်းပြီးပြုလုပ်ပေးနေသော်လည်း ယနေ့မနက်တွင်ရက်ချိန်းလာယူသူများသည် မေလရက်ချိန်းရရှိသည်ဖြစ်၍ စာအုပ်သက်တမ်းမကုန်မီအနည်းဆုံး ၄ လခန့်ကြိုတင်ပြီးရက်ချိန်းလာယူရန်လိုအပ်သည်ဟု မြန်မာလုပ်သားတစ်ဦးကဆိုသည်။

“မနက် ၅ နာရီခွဲကတည်းကရောက်လာတာ လူပြည့်နေတာပဲ၊ လက်မ(ရက်ချိန်း) ပဲပေးတယ်၊ ၅ လပိုင်း ကျရင်တစ်ခေါက်သွားရဉီးမယ်၊ မရိုက်ရဘူး၊ တချို့လူတွေက လက်မရဖို့တောင်အိပ်ရေးပျက်ခံပြီး ည ၂ နာရီ ၃ နာရီကတည်းကလာစောင့်နေကြတာ ” ဟု ဆိုသည်။

ဖုန်းမှတဆင့် ရက်ချိန်းယူလိုသည့်မြန်မာလုပ်သားများအနေဖြင့် 0626283892 နှင့် 0814830301 နံပါတ်ကိုဆက်သွယ်ပြီး ရက်ချိန်းယူနိုင်သည်ဟု သိရသည်။

လမည့်ဩဂုတ်လတွင်စာအုပ်သက်တမ်းကုန်ဆုံးမည့်မြန်မာလုပ်သားတစ်ဦးက အဆိုပါသံရုံးဖုန်းနံပါတ်ကိုဆက်သွယ်ပြီးရက်ချိန်းယူရာတွင် စောသေး၍ မေလတွင်ဆက်သွယ်လာရန်ညွှန်ကြားထားသော်လည်းလက်ရှိမြေပြင်အနေအထားအရ အနည်းဆုံး ၄ လခန့်ကြိုတင်၍ ရက်ချိန်းသွားရောက်ယူထားရန်လိုအပ်နေပြီဖြစ်ပါသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS