26 April 2024

ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို ကိုးကန့်တပ်က ဝင်တိုက်မယ်ဆိုတဲ့ သတင်း ပျံ့နှံ့နေတာကြောင့် တိမ်းရှောင်ကြသူအများအပြား ရှိနေပြီး၊ ထွက်ပြေးနေကြတဲ့ရုပ်သံတွေလဲ လူမှုကွန်ရက်တွေမှာတွေ့မြင်ခဲ့ရပါတယ်။

လောက်ကိုင်မှာ တိုက်ပွဲပြင်းထန်လာနိုင်သတင်းကြောင့် ဒေသခံပြည်သူများမှာ ရွှေ့ပြောင်းရန်အတွက် ကားအလုအယက်ငှားရမ်းပြီး ထွက်ပြေးနေကြသလို နေထိုင်သူ အများအပြားတိမ်းရှောင်နေကြတာကြောင့် ကားခ ၄ ဆခန့် ဈေးတက်သွားတယ်လို့ မဲခေါင်းသတင်းကဖော်ပြထားပါတယ်။

ကိုးကန့်တပ် – MNDAA နဲ့ စစ်ကောင်စီတပ်ကို့ စစ်ရေးတင်းမာနေပြီး လောက်ကိုင်မြို့ကို MNDAA က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီလို သတင်းထွက်ပေါ်နေတာကြောင့် ကားလက်မှတ်ဝယ်ယူဖို့ အဲဒီနေ့ မနက်ပိုင်းကတည်းက တန်းစီစောင့်ဆိုင်းနေရသလို လောက်ကိုင်-လားရှိုးသွားကားလက်မှတ်ခ တစ်သိန်းခွဲကျပ်ခန့်ပေါက်ဈေးရှိနေပြီး မူလပေါက်ဈေးထက် ၄ဆခန့်မြင့်တက်လာတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS