29 April 2024

စီးပွားရေးပုံမှန်လည်ပတ်နိုင်ရန်အတွက် မြို့တော်ဗန်ကောက်ရှိ နေရာတချို့တွင် ည ၁၁ နာရီအထိ အရက်ဘီယာထိုင်သောက်ခွင့်ပြုလိုက်ပြီ။

ယနေ့ (၁၅-၃-၂၀၂၂) မှစ၍ မြို့တော်ဗန်ကောက်အတွင်းရှိ ဟိုတယ်တွင်ကျင်းပသော အစည်းအဝေးပွဲနှင့် သင်တန်းအပါအဝင် ကုန်စည်ပြပွဲခန်းမ၊ အစည်းအဝေးခန်းမ၊ ပြပွဲခန်းမ၊ ကုန်တိုက်၊ ဈေးဝယ်စင်တာ၊ ကွန်မြူနတီမောလ် စသည်တို့အပြင် သဘောတရားဆင်တူသောနေရာများတွင် ည ၁၁ နာရီအချိန်ထိ အရက်ဘီယာထိုင်သောက်ခွင့်ပြုလိုက်ပြီဟု ဗန်ကောက်မြို့တော်ကူးစက်ရောဂါကော်မတီကထုတ်ပြန်သည်။

 

 

သို့သော် SHA PLUS နှင့် Thai Stop Covid 2 Plus ထောက်ခံချက်ရရှိထားသောနေရာဖြစ်ရမည်ဟုသတ်မှတ်ထားသည်။

ပါဝင်သောက်စားနိုင်သည့်လူဦးရေကို ဗန်ကောက်မြို့တော်ကြေညာချက်အမှတ်-၄၅ နှင့်အညီသုံးသပ်ပြီးလက်ခံနိုင်သည်ဟု သိရသည်။

ဖော်ပြထားသည့်နေရာများထဲတွင် မပါဝင်သောနေရာများကို ယခင်ကြေညာထားချက်များအတိုင်းဆက်လက်လိုက်နာဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိလျင် တည်ဆဲဥပဒေပုဒ်မ ၃ ခုဖြင့် အရေးယူသွားမည်ဟု သတိပေးထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS