2 May 2024

,

မြန်မာ့လက်ရွေးစင်အသင်းခေါင်ဆောင် မောင်မောင်လွင်ကစားနေသည့် လမ်ဖွန် ဝေါရစ်အသင်း တန်းတက်၊ ထိုင်းလိဂ်-၂ ချန်ပီယံဆွတ်ခူးရန် နီးစပ်။

မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမားမောင်မောင်လွင် လာရောက်ကစားနေသည့် ထိုင်းလိဂ်-၂ အသင်းတစ်သင်းဖြစ်သော လမ်ဖွန် ဝေါရစ် (Lamphun Warriors) အသင်းသည် ရာသီ ပြီးဆုံးရန် ၁ ပွဲအလိုတွင် အမှတ်ပေးဇယား အဆင့် ၃ ရှိ တရတ်အသင်းကို ၄ မှတ်အထိ နောက်ကောက် ချန်ထားနိုင်ခဲ့ခြင်းကြောင့် ထိုင်းလိဂ်-၁ ( ၂၀၂၂-၂၀၂၃ ) ရာသီအတွက် တန်းတက်သွားပြီဟု အသင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

ယမန်နေ့ည ၇ နာရီအချိန်တွင် ထိုင်းလိဂ်-၂ ပွဲစဉ် ၃၃အဖြစ် ရတ်ပရချာအသင်းကို အိမ်ကွင်းတွင်လက်ခံကစားခဲ့ရာ မောင်မောင်လွင် နှင့် အနန် တို့၏သွင်းဂိုးဖြင့် ၂ ဂိုးပြတ်အနိုင်ယူခဲ့ပြီးနောက် ၃ မှတ်ရရှိခဲ့ပြီး စုစုပေါင်းရမှတ် ၇၁ မှတ်ရရှိထားကာ အမှတ်ပေးဇယားကို ဦးဆောင်လာခဲ့သည်။

ထိုင်းလိဂ်-၂ ရာသီနောက်ဆုံးပွဲစဉ်အဖြစ် လာမည့် ဧပြီ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဗန်ကောက် အခြေစိုက် ကဆေစတ်အသင်းကို အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး အနိုင် ၃ မှတ် ရယူ နိုင်ခဲ့လျင် ထိုင်းလိဂ်-၂ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS