26 April 2024

ယနေ့မနက်တွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ နှစ်သို့ ပြန်မသွားဟုဆိုကာ ကိုအောင်အောင်က မိမိကိုယ်ကိုမီးရှို့ဆန္ဒပြ၊ အသက်အန္တရာယ်စိုးရိမ်ရ။

ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားဟုဆိုကာ ဒေသခံ ကိုအောင်အောင်က မိမိကိုယ်ကို မီးရှို့ ဆန္ဒပြကြောင်း၊ လက်ရှိ အခြေအနေအရ ကိုအောင်အောင်သည် ဆေးရုံတင်ပို့ထားသော်လည်း သေဆုံးဖွယ်ရှိကြောင်း ကျောက်ပန်းတောင်းဒေသခံတစ်ဦးကပြောသည်

ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြထားသည်။

 

 

“ကျောက်ပန်းတောင်း၊ EPC ရုံးနားမှာ သူ့ဟာသူ မီးရှို့တယ်။ စာရွက်ထဲမှာလည်း စစ်အာဏာရှင်ခေတ်ကို ပြန်မသွားဘူးဆိုပြီး ပြောတယ်။ အခုတော့ ဆေးရုံတင်ထားပြီ။ အရေးပေါ် အခြေအနေပါ။ အသက်ရှင် ဖို့တော့ နည်းမယ်ထင်တယ်” ဟု ကျောက်ပန်းတောင်ဒေသခံတစ်ဦးကပြောကြားကြောင်းဆက်လက် ဖော်ပြထားသည်။

ကျောက်ပန်းတောင်း ဒေသ မီဒီယာ ဖြစ်သော K-Media ၏ သတင်းဖော်ပြချက်အရ မိမိကိုယ်ကို မီးရှို့သော သူမှာ ကျောက်ပန်းတောင်းမြို့ပေါ်၊ပြည်တော်သာ၊ ရွှေတန်ဆာလမ်းတွင် နေထိုင်သည့် သံပန်းလုပ်ကိုင်သူ ကိုအောင်အောင် ဖြစ်ကြောင်း ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS